လွိုင်ကော် ဇန်နဝါရီ ၂၈
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက် လျက်ရှိရာ ဒီးမော့ဆိုမြို့နယ် ၊ ပူဖားကျေးရွာရှိ စာသင်ကျောင်းဆောင် ပြီးစီးအောင် ဆောင်ရွက်နိုင် ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်ခေတ္တ ဝန်ကြီးချုပ် ရုံးခန်း၌ ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ပြည်နယ်ခေတ္တဝန်ကြီးချုပ် နှင့်တာဝန်ရှိသူတို့က ဒီးမော့ဆိုမြို့နယ် ၊ ပူဖား ကျေးရွာရှိ စာသင် ကျောင်းဆောင် ပြီးစီးအောင် ဆောင်ရွက်နိုင်ရန်နှင့် ပရိဘောဂပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)အား ပေးအပ်ရာ ပူဖားကျေးရွာ၊ ကျောင်းကော်မတီအဖွဲ့ဝင်တို့က လက်ခံရယူ ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)