Feb 05, 2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး လုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၂ နာရီ ခန့်တွင် သမန်းသားရွာ၏ အနောက်ဘက် မီတာ ၃၅၀၀ ခန့်အကွာရှိ ARSA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ARSA အကြမ်းဖက်သောင်းကျန်းသူများ သည် အနောက်မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
Feb 05, 2021
အင်အားရစ်(ခ်) တာ စကေး (၅.၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား
Feb 05, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက တည်ဆောက်ဖွင့်လှစ်ထားသည့် မြန်မာ့ ကျောက်မျက်ရတနာ သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးသည်။
Feb 05, 2021
နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်းများအား ယနေ့တွင် နေပြည်တော်ရှိ သားဖွား သင်တန်းကျောင်း၌ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေးကြသည်။
Feb 05, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ၊ တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော်ဩဝါ ဒါစရိယ၊ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ဂေါပက အဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် ပျဉ်းမနား မြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇ မဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရ မဟာထေရ်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 05, 2021
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Feb 05, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာကဏ္ဍနှင့် သတ္တုရေးရာကဏ္ဍ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ Virtual Online စနစ်ဖြင့် ကျင်းပသည်။
Feb 05, 2021
ငွေကြေးဆိုင်ရာ ကောလာဟလများ၊ ဘဏ်များပိတ်သိမ်းမည်ဆိုသည့် သတင်းမှားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၃ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရသည်။