Feb 09, 2021
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံ တစ်ဝန်းတွင် မီးလောင်မှုများက တရိပ်ရိပ်တိုးလာသည်။ ဆယ်နှစ်တာအတွင်း မီးလောင်မှု များတွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ခေတ်မီဈေးကြီးများနှင့် နာမည်ကြီး ဟိုတယ် တို့လည်း မီးဘေးသင့်ခံခဲ့ကြရသည်။ နှစ်စဉ်တန်ဖိုးငွေကျပ် သန်းထောင်ပေါင်းများစွာ ဆုံးရှုံး ခဲ့ရပြီး လူများလည်း ရာနှင့်ချီ၍ သေဆုံးခဲ့ရာ မီးဘေးအန္တရာယ်၏ အတိုင်းအဆ ပမာဏ ကြီးမားမှုကို သတိမူဖွယ်ဖြစ်သလို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လူတိုင်းသတိ ဝီရိယနှင့် ဝါယမစိုက်ကြရန်လည်း လိုအပ်မည်ဖြစ်သည်။
Feb 08, 2021
Covid-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၈-၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Feb 08, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များအားတွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊လူမူရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
Feb 08, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့မွန်းလွဲ (၂) နာရီတွင် အဆိုပါဝန်ကြီးဌာနရှိ အရာထမ်းများ၊ အမှုထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၊ ဌာနများ၊ ဂေဟာများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများနှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းတို့ရှိ အရာထမ်းများ၊ အမှုထမ်းများအား Zoom Meeting ဖြင့် တွေ့ဆုံသည်။
Feb 08, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် စီမံခန့်ခွဲရေး အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။
Feb 08, 2021
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဒါရိုက်တာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း တက်ရောက်အမှာစကား ပြောကြားသည်။
Feb 08, 2021
ကုန်သွယ်ရေးဦးစီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ခန်းမ (၁) ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကား ပြောကြားသည်။
Feb 08, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက် (၅) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ လေးဆူဓါတ်ပုံရွှေတိဂုံ စေတီတော် အထက်ပစ္စယံ တနင်္ဂနွေထောင့်၌ ကျင်းပသည့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲ၊ ချမ်းသာကြီး တန်ဆောင်း၌ကျင်းပသည့် စေတီတော်မြတ်ကြီး ပြန်လည်ဖူးမြော် ကြည်ညိုပွဲမဟာ မင်္ဂလာအခမ်းအနားနှင့် အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲအခမ်းအနားတို့သို့ တက်ရောက်ဖူးမြော်ကြည်ညိုသည်။
Feb 08, 2021
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြား သည်။
Feb 08, 2021
မဟာမုနိဘုရားကြီး ဖူးမြော်ကြည်ညိုနိုင်ရေး ရဟန်းရှင်လူ ဘုရားဖူးပြည်သူများသို့ ပန်ကြားလွှာ