Feb 10, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အပြည် ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ခေတ္တဒုတိယပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒ အား သွားရောက် ဖူးမျှော် ကြည်ညိုကြသည်။
Feb 10, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာ ရေးဆိုင်ရာ ကုသပေးရန် အခက်အခဲ များ ဖြစ်ပေါ်မှုများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြု စေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသ ရေး ဆေးရုံများဖွင့်လှစ်၍ တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များဖြင့် စုဖွဲ့ ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
Feb 10, 2021
နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ တည်ထား ကိုးကွယ်မည့် နေပြည်တော်ကောင်စီနယ်မြေသို့ ဒုတိယ အကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် ဆီမီးခုံကျေးရွာ အနီး၌ ကျင်းပသည်။
Feb 10, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Feb 10, 2021
ကမ္ဘာပေါ်တွင် နိုင်ငံဟုဆိုသည်နှင့် အင်္ဂါရပ် (၄) ပါးနှင့် ပြည့်စုံဖို့ လိုသည်ဟု သတ်မှတ်ထားကြသည်။ ယင်းတို့မှာ ပိုင်နက်နယ်မြေ၊ လူဦးရေ၊ အစိုးရနှင့် အချုပ်အခြာအာဏာပိုင်စိုးမှုတို့ဖြစ်သည်။ အဆိုပါ အင်္ဂါရပ် (၄) ပါးကို နိုင်ငံ၏ ဥပဓိရုပ်ဟုလည်းဆိုကြပြီး တစ်ပါးပါးချွတ်ယွင်းပါက နိုင်ငံဟုဆို၍ မရနိုင်တော့။ တစ်ဖန် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ဖွဲ့စည်းတည်ဆောက်ပုံမျ
Feb 10, 2021
ပြည်ထောင်စုစိတ်ဓာတ်အခြေခံခိုင်မြဲအားကောင်းခဲ့သောကြောင့် တိုင်းရင်းသား လူမျိုးများအား အမျိုးမျိုးအဖုံဖုံ သွေးခွဲသော်လည်း သွေးမကွဲဘဲ စည်းလုံး ညီညွတ်ခဲ့ကြသည်။ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ပြည်ထောင်စု ၏အမြုတေပင်လုံမြေတွင် အထင်အရှားပြသနိုင်သဖြင့် တောင်တန်း-ပြည်မ မခွဲခြားနိုင်တော့ဘဲ လုံးဝလွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။
Feb 09, 2021
စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စားသုံးသူ အကာအကွယ် ပေးရေး၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှု ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။
Feb 09, 2021
ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ Social Distancing စနစ်ဖြင့် ကျင်းပသည်။