နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၂ နာရီ ခန့်တွင် သမန်းသားရွာ၏ အနောက်ဘက် မီတာ ၃၅၀၀ ခန့်အကွာရှိ ARSA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ARSA အကြမ်းဖက်သောင်းကျန်းသူများ သည် အနောက်မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်းနှင့် အဆိုပါ နေရာ တစ်ဝိုက်အား သွားရောက်ရှင်းလင်းစဉ် Only Army Supply ငှက်ပုံတစ်ဆိပ်ပါ ပစ္စတို ၁ လက်၊ Baosemg အိုင်ကွန် ၅ လုံး၊ ခဲယမ်း နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့