နေပြည်တော် ဖေဖော်ဝါရီ ၅
နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်းများအား ယနေ့တွင် နေပြည်တော်ရှိ သားဖွား သင်တန်းကျောင်း၌ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေးကြသည်။
နံနက်ပိုင်းမှ စတင်၍ ကိုဗစ် - ၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံခြင်းကို ဆောင်ရွက်ရာ ယာယီသမ္မတ ဦးမြင့်ဆွေ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။ ။
ကိုဗစ်-၁၉ ကာကွယ်ဆေး (CovISHIELD) ထိုးနှံခြင်း မပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း
အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြောင်း၊ ယခု ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုး နှံပြီးသူများ အနေဖြင့် ကာကွယ်ဆေးထိုးနှံပြီး ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ပြန်လည် ထိုးနှံသွားရမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)