နေပြည်တော် ဖေဖော်ဝါရီ ၉
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာ ရေးဆိုင်ရာ ကုသပေးရန် အခက်အခဲ များ ဖြစ်ပေါ်မှုများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြု စေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသ ရေး ဆေးရုံများဖွင့်လှစ်၍ တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များဖြင့် စုဖွဲ့ ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
စီမံဆောင်ရွက်ပေးလျက်ရှိ
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၂၁၅၅ ဦး၊ အတွင်းလူနာ ၁၀၂၈ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာ ရေး စောင့်ရှောက်မှုပေးခြင်းနှင့် ဆေးရုံတက် လူနာများနှင့် လူနာ စောင့်များ နေထိုင်စားသောက်ရေး | အဆင်ပြေစေရန်အတွက် စီမံ ဆောင်ရွက်ပေးလျက်ရှိသည်။ ။
ယင်းသို့ လာရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၈၂ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၄၂ ဦး၊ စုစုပေါင်း ၁၂၄ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ် ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက် အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော် ဆေးရုံအသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့ အနက် ၂၁ ဦးကိုခွဲစိတ်မွေးဖွားပေးနိုင် ခဲ့ကာ ၅၁ ဦးကို သာမန်မွေးဖွားပေးနိုင် ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ် မျိုးဆက်သစ် ကလေးငယ် ၇၂ ဦးကို မွေးဖွားနိုင်ခဲ့သည်။
လွှဲပြောင်းကုသမှုခံယူနိုင်
တိုင်းရင်းသား ပြည်သူများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက် အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ နေ့တွင် တနင်္သာရီတိုင်းဒေသ ကြီး ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ သို့ ဆေးရုံရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား ကာကွယ် ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စေသန်းလှိုင်နှင့် အဖွဲ့ဝင် များကလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ တပ်မတော် ဆေးရုံသို့ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင် များကလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ တပ်မတော် ဆေးရုံသို့ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ပြီးသန့်နှင့် အဖွဲ့ဝင်များ ကလည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်များရှိ နယ်မြေခံ တပ်မတော် ဆေးရုံများသို့ ဆေးရုံရောက်ပြသ သူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက လည်း ကောင်း သွားရောက်ကြည့်ရှုအားပေး ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက် အရ သိရသည်။
သတင်းစဉ်