နေပြည်တော် ဖေဖော်ဝါရီ ၉
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းက တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကုန် သွယ်မှုလမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ဆောင်ရွက်ချက်များသည် အောင်မြင်သည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေ သည့်အတွက် ယင်းအခြေအနေအား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုအပ်ပါ ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက် ခံဆောင်ရွက်ရေးဌာန (CICC) များမှလည်း စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များ ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနမှ ပြည်ပနိုင်ငံ များ၌ တာဝန်ပေးအပ်ထားသည့် စီးပွားရေး သံမှူးများ အနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံအလိုက် မြန်မာ့ထွက်ကုန်ပစ္စည်းအမယ် သစ်များအတွက် ဈေးကွက်အသစ်ရရှိရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေးတို့ကို ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ စီးပွားရေးသံမှူးများက လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် များစွာအထောက် အကူဖြစ်စေသည့်အတွက် Project- based နှင့် Results-based များကို ကျင့်သုံးဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြပြီး အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ထပ်မံဖြည့်စွက် ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့် စွက်မှာကြားသည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)