ရန်ကုန် ဖေဖော်ဝါရီ ၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အပြည် ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ခေတ္တဒုတိယပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒ အား သွားရောက် ဖူးမျှော် ကြည်ညိုကြသည်။
တင်ပြလျှောက်ထား ထိုသို့ဖူးမြော်ကြည်ညိုစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လက်ရှိ အခြေအနေနှင့် ဆောင်ရွက်ချက်များ၊ သာသနာရေးကိစ္စဆောင်ရွက်ရာတွင် သာသနာတော်တည်တံ့ပြန့်ပွားစေရေး၊ ပရိယတ္တိ၊ ပဋိပတ္တိသာသနာတော် တိုးတက်ထွန်းကားစေရေး ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေ တို့ကို တင်ပြလျှောက် ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိပုဂ္ဂိုလ်များကဆရာတော်ကြီး ထံမှ ဩဝါဒကထာများ နာယူကြည်ညို သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ လှည့်လည်ကြည့်ရှုပြီး အပြည်ပြည်ဆိုင်ရာထေရ ဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ် {စီမံ)က တက္ကသိုလ်၏ သင်ကြား စီမံဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
တွေ့ဆုံ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများနှင့် စွယ်တော်ဆောင် အစည်းအဝေးခန်းမတွင် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၌သင်ကြားသင်ယူမှုများ၊ စီမံရေးရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပါမောက္ခချုပ်က တက္ကသိုလ်၌ တာဝန်ယူဆောင်ရွက်လျက် ရှိသော တက္ကသိုလ်၏ ရည်မှန်းချက်တွင် ပါရှိသည့် တိုင်းရင်းသားရိုးရာဂီတနှင့် တိုင်းရင်းသားရိုးရာ အကသင်ကြားနေမှုနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးတင်ပြ ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက တိုင်းရင်းသားရိုးရာဂီတနှင့် အကများကို စနစ် တကျ သင်ကြားနိုင်ရေးအတွက် အသေးစိတ် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းနှင့်အညီတာဝန်ယူဆောင်ရွက်နိုင်ရေးကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်