မိတ္ထီလာ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ဖေဖော်ဝါရီ ၂၂ရက် နံနက်မှ စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ နေ့စဉ်နံနက် ၇ နာရီ မှ ညနေ ၃ နာရီအထိ ဘဏ်ဖွင့်သည့် နေ့ရက်များတွင် ပုံမှန် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်မှ သိရသည်။ မိတ္ထီလာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်း ၁၄၀၀၀ ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)