Skip to main content

ရှမ်းပြည်နယ် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်း

တောင်ကြီး ဖေဖော်ဝါရီ ၂၃ ရှမ်းပြည်နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြ ချက်နှင့် လမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြခြင်းကို ယနေ့ မွန်းလွဲ ၂နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပ သည်။ တာဝန်ယူဆောင်ရွက်ခဲ့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် အတွင်း ဌာနဆိုင်ရာအသီးသီးက ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ဆောင်ရွက် နိုင်ရေး အတွက် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီ၏လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြ သည့် အခမ်းအနားဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် နယ်မြေဒေသ ကျယ်ဝန်းကြီးမားသည့်အတွက် တည်ဆောက်ရေး လုပ်ငန်းများကို စိစစ်ရာတွင် လျင်မြန်လွယ်ကူနိုင်စေရေးအတွက် ယခင်ကာလက ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီများကို ပြည်နယ်ဝန်ကြီးများက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း အရှေ့ပိုင်း) တည်ဆောက် ရေးလုပ်ငန်း စိစစ်ရေးကော်မတီများကို ပြန်လည် ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ လမ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူး (မြို့ပြ)များကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနအကြီးအကဲများကို အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ လမ်းဦး စီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)များကို အတွင်းရေး မှူးများအဖြစ်လည်းကောင်း၊ အသစ်ပြန်လည် ဖွဲ့စည်း ပေးခြင်းဖြစ်ကြောင်း၊ ယခုအသစ်ဖွဲ့စည်းပေးထား သည့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ များ အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် အတွင်း ပြည်နယ်ငွေလုံး၊ ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း များ ဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး၊ အရည် အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေး၊ အလေအလွင့်နှင့် မသမာမှုများ ကင်းရှင်းရေး၊ စနစ် တကျ စီမံခန့်ခွဲအသုံးပြုနိုင်ရေးတို့အတွက် အလေးထား ကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။ ရှင်းလင်းပြောကြား ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးလှဦးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြန့်ကြာမှုမရှိစေရေးနှင့် မြန်မြန် ဆန်ဆန် ဆောင်ရွက်ပေးကြရန်၊ သက်ဆိုင်ရာ ဌာန ဆိုင်ရာကော်မတီအဖွဲ့များကလည်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီဝင်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသူရဇော် က စိစစ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနများက သိရှိလိုသည်များ ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေး မှူး(မြို့ပြ ဦးသူရဇော်က ဌာန၏လုပ်ငန်းများ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ မောင်မောင်သန်း(တောင်ကြီး)