Skip to main content

မုံရွာမြို့နယ်အတွင်း ဆူပူဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများဆောင်ရွက်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် တရားခံ ဝေမိုးနိုင်ကို ဖမ်းဆီးအရေးယူ

နေပြည်တော် ဧပြီ ၂၈

မုံရွာမြို့နယ်အတွင်း ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများတွင် ဦးဆောင်ပါဝင်သည့် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဝေမိုးနိုင်ကို ဧပြီ ၁၅ ရက်တွင် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်အတွင်း ဆူပူဆန္ဒပြနေစဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့် ဆက်စပ်တရားခံများအား ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

တရားခံ ဝေမိုးနိုင်သည် အစိုးရ၏ အုပ်ချုပ်မှုယန္တရားရပ်တန့်စေရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၆ ရက်တွင် မုံရွာ လူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီကို ၎င်းအပါ အဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဧပြီ ၁၅ ရက်အထိ ၆၈ ရက်တိုင်တိုင် မုံရွာမြို့နယ်အတွင်း နေရာအနှံ့အပြား၌ သပိတ်ပုံစံအမျိုးမျိုးဖြင့် ဆူပူဆန္ဒပြခြင်း၊ နိုင်ငံ့ဝန်ထမ်း များအား CDM လှုပ်ရှားမှုပြုလုပ်ရန် ဖိအားပေးအကြပ်ကိုင်ခြင်း၊ CDM မပြုလုပ်သည့် ဝန်ထမ်းများကို ပြစ်မှုကျူးလွန်လာစေရန် လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

ထို့အပြင် ဝေမိုးနိုင်သည် နိုင်ငံတော်အစိုးရမှ မတရားအသင်း ကြေညာထား သည့် CRPH နှင့်ဆက်သွယ်ခြင်း၊ ဖမ်းဝရမ်းထုတ်ပြန်ထားရှိသော လွင်ကိုလတ်၊ ဇင်မာအောင် တို့၏ ညွှန်ကြားချက်အရ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို NLD ပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်ဟောင်း ဒေါ်အမာကြည် အပါအဝင် ၉ ဦးဖြင့် ဦးဆောင်ဖွဲ့စည်းပေးခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တုံ့ပြန်တိုက်ခိုက်နိုင်စေရန်နှင့် ဆူပူ အကြမ်းဖက်မှုများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မတ် ၄ ရက်တွင် Defence Team အဖွဲ့အား အောင်ကျော် (မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ဟောင်း) နှင့် ခန့်ဝေဖြိုး (မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ဟောင်း) တို့ဦးဆောင်၍ အဖွဲ့ဝင် အင်အား ၁၅၀ ခန့်ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း စိစစ် တွေ့ရှိရသည်။

အဆိုပါ Defence Team ရန်ပုံငွေရရှိရေးအတွက် facebook လူမှုကွန်ယက် စာမျက်နှာ တွင် “မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ” Page မှ ခုခံ ကာကွယ်ရေး လုပ်ငန်းအတွက် အလှူငွေ ကောက်ခံခဲ့ရာ ဂျပန်နိုင်ငံရောက် မြန်မာ များက ငွေကျပ် သိန်း ၅၀ ၊ ကိုရီးယားနိုင်ငံရောက် မြန်မာများက ငွေကျပ် ၁၀ သိန်း၊ ပြည်တွင်းရှိ စုပေါင်း အလှူရှင်များက KBZ pay နှင့် Wave Pay တို့မှတစ်ဆင့် လှူဒါန်းငွေကျပ် သိန်း ၂၅၀ ခန့်၊ စုစုပေါင်း ငွေကျပ် သိန်း ၃၁၀ ခန့် ကောက်ခံ ရရှိခဲ့ပြီး အလှူရှင်များ ထံမှ ကောက်ခံရရှိသည့်ငွေများကို မေသန့်ဇင် (ဘဏ္ဍာရေးမှူး) နှင့် အောင်ကျော် (မုံရွာမြို့နယ် Defence Team ခေါင်းဆောင်)တို့က တာဝန်ယူဆောင် ရွက်ခဲ့သည်။

ယင်းငွေများဖြင့် မုံရွာမြို့တွင်း ပစ်ခတ်ဖောက်ခွဲနေသော အသံမိုင်း၊ လက်လုပ် ဗုံး၊ ဂတ်စ်သေနတ်နှင့် လေသေနတ်များကို အောင်ကျော် မှ  ဒီပဲယင်း မြို့နယ်တွင် နေထိုင်သူ ခင်ဇော်(မုံရွာမြို့၊ နည်းပညာတက္ကသိုလ် တကသ အတွင်းရေးမှူးဟောင်း) နှင့် ချိတ်ဆက်၍ မင်းကင်းမြို့နယ်၊ လောင်းပြည့် ကျေးရွာတွင် ကိုထူး (ခ) ကိုအောင် (ရန်ကုန်မြို့တွင်နေထိုင်သူ)မှ လာရောက်ပြု လုပ်သင်ကြားပေးသည်ဟု သိရှိရသည်။

ပြုလုပ်ပြီးသည့် လက်နက် ၄၀ ၊ အသံမိုင်းနှင့် လက်လုပ်ဗုံး ၅၀ တို့ကို မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ မေတ္တာဦးဆေးရုံ အနောက်ဘက်လမ်းရှိ ဦးကံဆွေ၏ နေအိမ်တွင် သိုလှောင်ထားရှိပြီး Defence Team အဖွဲ့ဝင်များအနေဖြင့် ၎င်းဂတ်စ် သေနတ်၊ လေသေနတ်များ၊ အသံမိုင်းနှင့် လက်လုပ်ဗုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ရှိစဉ် ပစ်ခတ်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ကြောင်း သိရှိရသည်။

မတရားအသင်းအဖြစ် သတ်မှတ်ကြေညာထားသည့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRSH)ဥက္ကဋ္ဌဖြစ်သည့် ဦးမြင့်ထွေး (စစ်ကိုင်း တိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ တိုင်း(၂)လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၏ ဉီးဆောင်မှုဖြင့် ဝေမိုးနိုင် ဦးဆောင်ဖွဲ့စည်းပေးခဲ့သည့် Defence Team မှ အဖွဲ့ဝင် များသည် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်နှင့် တပ်မတော်အပေါ် အထင် အမြင်လွဲမှားစေရန် မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့၊ နာရီစင်ရှေ့၊ မြို့တော်ခန်းမ ရှေ့နှင့် မုံရွာတက္ကသိုလ်ရှေ့ တို့တွင် ဒေသန္တရလက်လုပ်ဗုံးများဖြင့် ဖောက်ခွဲခြင်း၊ မတ် ၂၆ ရက်တွင် မုံရွာမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ဆားကျင်းသုဿာန်အနီး၌ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

ထို့ပြင် ဝေမိုးနိုင် သည် ဦးမြင့်ထွေးနှင့်ဆက်သွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၃၇ မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ ဖွဲ့စည်း ရန်၊ တစ်မြို့နယ်လျှင် ၅ ဦးစီဖြင့် စစ်အခြေခံသင်တန်းတက်ရောက်နိုင်ရေး မြောက် ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်ထားရှိရန်နှင့် သင်တန်းပြီးဆုံးပါက တိုက် ခိုက်ရေးနှင့် ဖောက်ခွဲရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ပြုလုပ်ဆောင်ရွက် နိုင်ရန် ဆွေးနွေးပြောကြားခဲ့ပြီးနောက် ဧပြီလအတွင်း၌ ပြည့်ဖြိုးကျော် (မုံရွာ နည်းပညာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ဟောင်း) အပါအဝင် လူ  ၃၀ အား KIA လက်နက်ကိုင်အဖွဲ့ထံသို့ လည်းကောင်း၊ ထင်ရှားပြည့်လျှံ အပါအဝင် ၁၅ ဦး အား KNU တပ်မဟာ(၅)နယ်မြေသို့လည်းကောင်း ပို့ဆောင်စေလွှတ်ခြင်းဖြင့် တည်ဆဲ အစိုးရအပေါ် ပုန်ကန်ထကြွနိုင်စေရေး ပါဝင်ဆောင်ရွက်ခဲ့သည်။

သို့ဖြစ်၍ ဆူပူအကြမ်းဖက်မှုများတွင် ဦးဆောင်ပါဝင်ခဲ့သည့် တရားခံ ဝေမိုးနိုင် ကို ဆူပူအကြမ်းဖက် လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလနှင့် မတ်လ အတွင်း မုံရွာမြို့နယ်၊ မြို့မရဲစခန်း၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာဥပဒေ ပုဒ်မ ၂၅၊ ရာဇသတ်ကြီး ဉပဒေပုဒ်မ ၁၁၄၊ ၃၀၂၊ ၃၂၅၊ ၃၄၂၊ ၃၉၅၊ ၅၀၅-က တို့ဖြင့် အမှုဖွင့် လှစ်ထားရှိခဲ့ပြီး ဝေမိုးနိုင်၏ ထွက်ဆို ချက်များအရ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇(၁)၊ ၁၂၄ နှင့် ၅၁၁ တို့ဖြင့် ထိရောက်စွာ ဆက်လက်အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်သည့် ဖော်ပြပါ ဆက်စပ်တရားခံ ၂၃ ဦးကို ဆက်လက်အမှုဖွင့် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်။

                        (က)   မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတွင် ပါဝင်သူများ

                        (၁)       ခန့်ဝေဖြိုး(မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဟောင်း၊  မုံရွာလူထုသပိတ်တိုက်ပွဲဒုတိယဦးဆောင်သူ)။

                        (၂)       သန်းကျော်ဦး(မုံရွာတက္ကသိုလ်လက်ရှိကျောင်းသားများ  သမဂ္ဂဥက္ကဋ္ဌ)

                        (၃)       ဟိန်းဇော်ဝင်း(မုံရွာ ဗကသဟောင်း)။

                        (၄)       နွေဦးကို(မုံရွာ ဗကသဟောင်း)။

                        (၅)       ဦးခင်မောင်စိုး(နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် မျိုးဆက်သစ်အင်အား စုများအဖွဲ့)။

                        (၆)       ဦးစိုးဝင်းဆွေ(ဒီမိုကရေစီလိုလားသူများကွန်ရက် ဥက္ကဋ္ဌ)။

                        (၇)       ဦးအောင်နေမျိုး(အရပ်ဘက်အဖွဲ့အစည်းများကိုယ်စားပြု ကော်မတီ)။

                        (၈)       အောင်ကျော်(မုံရွာစီးပွားရေးတက္ကသိုလ် တကသဟောင်း)

                        (၉)       ဒေါ်နု(၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)။

                        (၁၀)    မေသန့်ဇင်(မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဘဏ္ဍာရေးမှူး)။

                        (ခ)       မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်သူများ

                                    (၁၁)     ဒေါ်အမာကြည်(မုံရွာမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)။

                                    (၁၂)     ဒေါ်အောင်ကြည်(မုံရွာမြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)။

                                    (၁၃)     ဦးသန်းအေး(ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန်ဂရက်)။

                                    (၁၄)     ဦးညီပု (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နယက)

                                    (၁၅)    ဦးသော်တာ (ရာသက်ပန်လူမှုကူညီရေးအသင်း)။

                                    (၁၆)    ဦးညွန့်အောင်(၂၀၁၇-၂၀၂၀ NLD ပါတီ မုံရွာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)။

                                    (၁၇)    ဦးချန်စိန်(မုံရွာမြို့နယ် NLD ပါတီ နာယက)။

                                    (၁၈)    ဒေါ်မီမီခိုင်(အထက်တန်းပြဆရာမ)။

                        (ဂ)       Defence Team ခေါင်းဆောင်များ

                           (၁၉)    ခန့်ဝေဖြိုး (မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဟောင်း၊ မုံရွာလူထုသပိတ် တိုက်ပွဲဒုတိယ ဦးဆောင်သူ)။

                        (ဃ)     ဒေသန္တရလက်လုပ်ဗုံးများပြုလုပ်မှု နှင့်ပတ်သက်၍ ဆက်နွှယ်သူများ

                                    (၂၀)     ဦးမြင့်ထွေး(စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ တိုင်း(၂) လွှတ်တော် ကိုယ်စားလှယ်ဟောင်း)

                                    (၂၁)     ခင်ဇော်(မုံရွာနည်းပညာတက္ကသိုလ်တသကအတွင်းရေးမှူး ဟောင်း)။

                                    (၂၂)     ကိုထူး(ခ)ကိုအောင်(ရန်ကုန်မြို့တွင် နေထိုင်သူ)။

                                    (၂၃)     ဦးကံဆွေ(မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်)                           

                        မိဘပြည်သူများအနေဖြင့် အဆိုပါ တရားခံများကို ဝိုင်းဝန်း ဖမ်းဆီးပေးနိုင်ပါရန်နှင့် တွေ့ရှိပါက နီးစပ်ရာ နယ်မြေခံတပ်၊ ရဲစခန်းများသို့ အကြောင်းကြားပေးနိုင်ပါရန်၊ လက်ခံထားသူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)