Skip to main content

AIBD မှ ကျင်းပသည့် ဒစ်ဂျစ်တယ်လုံခြုံမှုနှင့် ပတ်သက်သည့် အွန်လိုင်းဆွေးနွေးပွဲသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများတက်ရောက်

နေပြည်တော် ဧပြီ ၂၈

အာရှပစိဖိတ်ဒေသတွင်း ရုပ်သံ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း Asia- Pacific Institute for Broadcasting Development (AIBD) UNESCO's IPDC နှင့် ပူးပေါင်း၍ သတင်းထောက်များ၊ မီဒီယာ လုပ်ငန်း လုပ်ကိုင်နေသူများ ဆိုက်ဘာလုံခြုံရေး ကိစ္စရပ်များတွင် ပိုမိုသိရှိလိုက်နာနိုင်ရန်၊ ဒစ်ဂျစ်တယ်လုံခြုံမှုနှင့် ပတ်သက် သည့် ဆွေးနွေးပွဲကို ယနေ့တွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သတင်းထောက် ၃၀ ကျော် တက်ရောက်ခဲ့ပြီး ဒစ်ဂျစ်တယ် အသုံးပြုမှုတွင် လုံခြုံစိတ်ချရစေရန် ဆောင်ရွက်ရမည့် အချက်များကို ထည့်သွင်းဆွေးနွေးကြသည်။

အဆိုပါ သင်တန်းသည် ယနေ့ခေတ်၌ တွင်ကျယ်စွာအသုံးပြုနေသည့် အင်တာနက် အသုံးပြုမှုနှင့် ပတ်သက်သည့် အချက်အလက်များ လုံခြုံစိတ်ချနိုင်ရေး၊ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး အတွက် လိုအပ်သည့်အချက်များ၊ ဆော့ဝဲများ အသုံးပြုမှုတွင် လုံခြုံစိတ်ချရသည့် ဆော့ဝဲများကို ပိုမိုအသုံးပြုရန်နှင့် အီးမေးလ် အသုံးပြုမှုတွင် ယုံကြည်စိတ်ချရသည့် အခြေအနေများတွင်သာ တတ်နိုင်သမျှ အသုံးပြုနိုင်ရန် အချက်များကိုဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများကို ဝင်ရောက်တတ်သည့် ဗိုင်းရပ်စ် များအကြောင်း၊ မိမိတို့ အသုံးပြု သည့် Account Password ထားရှိ ရာတွင် သိသင့်သိထိုက်သည့် အချက်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲကို အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂၈ ရက်မှ ၂၉ ရက် အထိ နှစ်ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ ပါဝင်တက်ရောက် ခဲ့ကြသည်။

သတင်းစဉ်