ရန်ကုန် မေ ၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၉ နာရီတွင် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ ဟာနာယကကျောင်းတော်ကြီး၌ နိုင်ငံတော်သံဃမဟာနနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘန္တ ကုမာရာဘိဝံသ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဓန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)မှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကြသည်။
ထိုသို့ဖူးမြော်ကြည်ညိုစဉ် ပြည်ထောင်စုဝန်ကြီးက (၇၃)ကြိမ်မြေက်တိပိဋကဓရတိပိဋက ကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲ၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ ကျင်းပမည့် အခြေအနေနှင့် သာသန၁ရေးဆိုင်ရာကိစ္စရပ်တို့ကို တင်ပြလျှောက်ထားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် သာသနဦးသျှောင် ဆရာတော်ကြီးများ၏ အဆုံးအမဩဝါဒများကို ခံယူလျက် ဆရာကာ လက်တွဲညီဖြင့်သဒ္ဓမ္မသုံးဖြာသာသနာ တော်မြတ်ကြီး မြင့်သည်ထက်မြင့်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
စဉ်ဆက်မပြတ် သင်သို့ချ
သသနာတော်သုံးရပ်၏ အသက်သွေးကြော သဖွယ်ဖြစ်သော ပရိယတ္တိသာသနာတော် တည်ရှိမှ သာလျှင် စစ်မှန်ကောင်းမွန်သော ပဋိပတ္တိသာသနာ တော်ကို ကျင့်ကြံပွားများနိုင်မည်ဖြစ်ပြီး စစ်မှန် ကောင်းမွန်စွာ ကျင့်ကြံပွားများမှသာ အေးချမ်း မွန်မြတ်သည့် ပဋိဝေသောသနာ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဖြစ်ကြောင်း၊ ပရိယတ္တိ သာသနာတော် တိုးတက်စည်ပင် ရေးအတွက် ပရိယတ္တိစာပေများကို ဆရာတပည့် စဉ်ဆက်မပြတ် သင်ယူပို့ချရန် လိုအပ်ပါကြောင်း၊ ပရိယတ်ကိုသင်ယူ ကြိုးကုတ် အားထုတ်တော်မူကြသည့် စာချစာသင် ရဟန်း၊ ရှင်၊ လူများအတွက် ပရိယတ္တိစာမေးပွဲများ သည် တွန်းအားတစ်ရပ်၊ မှတ်တိုင်တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ ပရိယတ္တိစာမေးပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်မှသာလျှင် ပရိယတ်ဝန်ဆောင် ဆရာတော် ကြီးများနှင့် စာချစာသင် ရဟန်း၊ ရှင်၊ လူများအနေဖြင့် “မုရနှစ်ခွင် အလုပ်တွင် နေ့စဉ်ဝင်မှ သမဏ” ဟူသော ရှေးဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ ဂန္ထဓရ စာချစာသင် သမဏဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ကြမည်ဖြစ်ကြောင်း။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အကျိုးတော်ဆောင် ဆရာတော် ကြီးတို့ကိုယ်တိုင် ကြွရောက် ဩဝါဒပေးဆွေးနွေး တော်မူခဲ့သည့် ဧပြီ ၂၈ ရက်တွင် ကျင်းပသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ဒုတိယအကြိမ်၊ ဒုတိယအစည်းအဝေးက (၇၃)ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာ စရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပခွင့်ပြု ခဲ့ရာ စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သာသနာတော် မြတ်ကြီးအား ပစ္စယာနုဂ္ဂဟဖြင့် အားပေးထောက်ပံ့နိုင်ရန်နှင့် ရဟန်း၊ ရှင်၊ လူ ပြည်သူ များ ဗုဒ္ဓပူဇနိယ မဟာကုသိုလ်တော် မင်္ဂလာတရားများ ဆည်းပူးအားထုတ်နိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အစိုးရအဖြစ် တာဝန် ယူပြီး ဖေဖော်ဝါရီ ၈ ရက်မှစ၍ ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်မြတ်ကြီးအပါအဝင် တစ်နိုင်ငံလုံးရှိ ဘုရား၊ စေတီ၊ ပုထိုးများကို COMID-19 ရောဂါ ထိန်းချုပ် တားဆီးကာကွယ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ရဟန်း၊ ရှင်၊ လူ ပြည်သူများ ဖူးမြော်ကြည်ညိုခွင့်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ ပါကြောင်း။
ဆက်ကပ်လှူဒါန်း
coVD-19 ကပ်ရောဂါ ဖြစ်ပွားနေမှုအခြေအနေအရ ကျင်းပနိုင်ခြင်းမရှိသည့် အကြိမ်(၆၀)မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားများကို coVID-19 ရ၁ဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေး ဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာနှစ်သစ်ကူး မဟာသင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း ရက်ရှည်တရားစခန်းများ ကျင်းပဖွင့်လှစ်နိုင်ရေးအတွက်လည်း ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ယခုလို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများ ဦးဆောင်သည့် ပရိယတ်ပဋိပတ်ဝန်ဆောင် ဆရာတော် အရှင်သူမြတ် တို့ကသင်ယူပို့ချ ဟောပြောကျင့်ကြံခြင်း ဓမ္မာနုဂ္ဂဟဖြင့် သာသနာတော် မြတ်ကြီးအား ကြိုးပမ်းစောင့် ရှောက်တော်မူသကဲ့သို့ တပည့်တော်တို့ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ပစ္စည်းလေးဖြာအပြင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး အတွက် ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ သာသနာ့ ရန်စွယ်အန္တရာယ်ဟူသမျှ ဖယ်ရှားရှင်းလင်းရာတွင် စဉ်ဆက်မပြတ် ထောက်ကူပံ့ပိုးမည်ဖြစ်ပါကြောင်း လျှောက်ထားကာ သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေ ၃၅ သိန်းကို ဆက်ကပ်လှူဒါန်းသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပြုပြင်မွမ်းမံမည့် အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ မဟာပါသာဏလိုဏ်ဂူတော်ကြီးအပြင်ဘက် အဆောက်အအုံနှင့် အတွင်းပိုင်း လျှောက်လမ်းများ ပြုပြင်မွမ်းမံ ရမည့်အခြေအနေများကို အမြဲတမ်း အတွင်းဝန် ဦးမြင့်ဦးက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို မှာကြားသည်။ ယင်းနောက် (၇၃)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကျင်းပပြုလုပ်သော အစည်းဝေးတွင် တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ရှိ တန်ဆောင်းများများများ၊ ဘုံဆောင်များ၊ ဆီမီးခုံများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို စဉ်ဆက်မပြတ်ကြည့်ရှုပြီး ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွှေတိဂုံစေတီ တော်မြတ်ကြီးအား အများပြည်သူလရောက် ဖူးမြော်ကြည်ညို ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COMID-19 ကျိုထိန်းချုပ်တားဆီး ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိသော စေတိယင်္ဂဏစာမေးပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးကိုဂေါပကအဖွဲ့အနေဖြင့် အလေးထား ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်