Skip to main content

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ ၏ ပုံရိပ်ကိုဖော်ပြ

နေပြည်တော် မေ ၁၀ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည့် စာရင်းအင်းအချက်အလက် ပြုစုခြင်းနှင့် သုံးသပ်တင်ပြခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)၌ ကျင်းပသည့် Microsoft Office (Excel) ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ ဖွင့်ပွဲအခမ်းအနားများသို့ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် သည်။ စဉ်ဆက်မပြတ် ဆောင်ရွက် ရှေးဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု (Human Resource Development)soas အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် ပြည်တွင်း/ပြည်ပ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများသို့ စေလွှတ်တက်ရောက်စေခြင်းအပြင် မိမိတို့ဝန်ကြီးဌာနအတွင်း၌ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ဖွင့်လှစ်ပို့ချခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်းဌာနများမှ စာရင်းအင်းဆိုင်ရာ တာဝန်ယူဆောင်ရွက် လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား စာရင်းအင်း အချက်အလက်များကို မှန်ကန်စွာ ကောက်ယူနိုင်ရန်၊ စာရင်းအင်းအရည်အသွေး ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်နှင့် စိစစ်သုံးသပ်ခြင်း များကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စာရင်းအင်းအချက်အလက် ပြုစုခြင်းနှင့် သုံးသပ်တင်ပြခြင်း သင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။ မှန်ကန်စွာ သုံးသပ်ရှုမြင် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံဖြစ်သည့် စာရင်းအင်းများ ရှေ့နောက်ညီညွတ်မှုရှိစေရန်၊ အချိန်မီရရှိရန်၊ ယုံကြည်ကိုးစားနိုင်မည့် ခိုင်မာသည့် စာရင်းအင်းများရရှိရန် လိုအပ်ပါကြောင်း၊ အရည်အသွေးပြည့်မီသည့် စာရင်းအင်းများရရှိမှသာ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို မှန်ကန်စွာ သုံးသပ်ရှုမြင်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လက်တွေ့ကျသည့် မူဝါဒများကို ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ကိုဖော်ပြနိုင်ပြီး တစ်ဖက်တွင်လည်း အစိုးရနှင့် ပြည်သူများအကြား၊ နိုင်ငံတကာအသိုင်းအဝိုင်းများ အကြား ယုံကြည်မှုကို တိုးမြှင့်စေနိုင်ကြောင်း။ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား ဝန်ကြီးဌာနရှိ ဝန်ထမ်းများ ရုံးလုပ်ငန်းများကို IT နည်းပညာများအသုံးပြု၍ ထိရောက် မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ ဌာနအသီးသီးတွင် စာရွက်စာတမ်း အသုံးပြုသည့်စနစ်မှကွန်ပျူတာသုံးသည့်စနစ်သို့ နည်းစနစ်တကျ ပိုမိုအသုံးချပြီး Papeless စနစ်သို့ဦးတည်ရန်၊ Database များကို Excel ဖြင့် စနစ်တကျ သိမ်းဆည်း သွားနိုင်ရန်ရည်ရွယ်၍ Microsoft Office (Excel) ကျွမ်းကျင်မှုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးအပိုင်း၌ Career Development Plan ကို အထောက်ကူပြုသည့် Educational Approach ကို ဦးစားပေးတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများ၏ စွမ်းအား(Ability)နှင့် စွမ်းဆောင်ရည် (Capacity)တို့သည် အဓိကကျသည့် အခန်းကဏ္ဍ တစ်ရပ် ဖြစ်သောကြောင့် ယခုကဲ့သို့ သင်တန်းမျိုးကို လုပ်ငန်းခွင်မပျက် ဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများ၏ တစ်ဦးချင်း လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေ မည်ဖြစ်ကြောင်း။ သင်တန်းသားများအနေဖြင့် သင်တန်းမှ သတ်မှတ်ထားသည့် သင်တန်းစည်းကမ်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးသည့် ဘာသာရပ် များကို အထူးဂရုစိုက် ဆည်းပူးလေ့လာသင်ယူ ကြစေလိုကြောင်း၊ မရှင်းလင်းသည့်အချက်များရှိလျှင် သင်တန်းနည်းပြများကို ပွင့်ပွင့်လင်းလင်း မေးမြန်းကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အားကိုးအားထားပြုရသည့် ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းလို ကြောင်း ပြောကြားသည်။ ဖွင့်လှစ်သင်ကြားပို့ချသွားမည် အဆိုပါ သင်တန်းနှစ်ခုအနက် စာရင်းအင်း အချက်အလက်ပြုစုခြင်းနှင့် သုံးသပ်တင်ပြခြင်း သင်တန်းအား မေ ၁၀ ရက်မှ ဇွန် ၂၁ ရက်အထိ ရက်သတ္တပတ် ငါးပတ်နှင့် ဇွန် ၂၈ ရက်မှ သြဂုတ် ( ၁၀ ရက်အထိ ရက်သတ္တပတ်ခြောက်ပတ် သင်တန်းသား ၂၂ ဦးဖြင့် လည်းကောင်း၊ Microsoft Office (Excel) ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၂)အား မေ ၁၀ ရက်မှ ဇူလိုင် ၁၆ ရက်အထိ ရက်သတ္တပတ် ၁၀ ပတ် သင်တန်းသား ၂၀ ဖြင့်လည်းကောင်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်