May 11, 2021
ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူများ နိုင်ငံအတွင်း အချို့မြို့ကြီးများ၌ ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်မှုမရှိ စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီးနိုင်ရန် လိုအပ် သော စစ်ဆေးရှာဖွေခြင်းများ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
May 11, 2021
နေပြည်တော်၊ မေ ၁၁ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မေ ၉ ရက် ညနေပိုင်းတွင် သံတွဲ-ဂွ-ငါးသိုင်းချောင်း လမ်း (ဂွ-ငါးသိုင်းချောင်း အပိုင်း) တွင် ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၂၀)မှ ရေနံ့သာလမ်းဆုံ 0 km မှ ရခိုင်ပြည်နယ်စပ် 35.29 km အထိ (၁၈) ပေ အကျယ်ကွန်ကရစ် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အတက် အဆင်း မတ်စောက်သည့် လမ်းကွေ့နေရာတွင် သတ်မှတ်လမ်းအင်္ဂါရပ်များနှင့်အညီ လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကုန်ကားကြီးများနှင့် ခရီးသည် Express ကားကြီးများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့်နေရာများတွင
May 11, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီသည် မေ ၁၁ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သစ်တောဦးစီးဌာနက တည်ထောင်ထားသော ဝါးကတုတ်ပျိုးဥယျာဉ်သို့ ရောက်ရှိပြီး ၂၀၂၁ မိုးရာသီ လူထုလှုပ်ရှားမှုဖြင့် သစ်ပင်ဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးထောင်ထားရှိသည့် နှစ်ပေနှင့်အထက် ပျိုးပင် ၂၀၀၀၀ အပါအဝင် သစ်မျိုးစုံပျိုးပင် ၃၅၀၀၀ ပျိုးထောင်ထားရှိမှု ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
May 11, 2021
ဘရူနိုင်းဒါရူဆလမ် ဥပဒေပြုကောင်စီက မေ ၂၄ ရက်တွင် ပြုလုပ်မည့် 4th AIPACODD Meeting ၊ စင်ကာပူပါလီမန်က မေ ၁၆ ရက်တွင် ပြုလုပ်မည့် 12th AIPA Caucus အစည်းအဝေး နှင့် မေ ၂၄ မှ မေ ၂၇ ရက်အထိ ပြုလုပ်မည့် ၁၄၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ ညီလာခံ( 142nd Inter-Parliamentary Union Assembly- IPU)နှင့် ဆက်စပ်အစည်းအဝေးများကို ဗီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို မေ ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 11, 2021
အာဟာရပြည့်ဝ၍ ကျန်းမာသန်စွမ်းသော လူသားအရင်းအမြစ်များ ပေါကြွယ်ဝ သည့် နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် အရည်အသွေးပြည့်ဝလတ်ဆတ်သည့် သားငါးများကို ပြည်သူ များ ဝဝလင်လင်စားသုံးနိုင်ကြရန်လိုအပ်ကြောင်း၊ အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်ကုန်များဖူလုံပိုလျှံစွာ ထုတ်လုပ်နိုင်ခြင်းသည် ပြည်တွင်းစားသုံးမှု သာမက ပို့ကုန်တိုးမြှင့်ရေးကိုပါ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ သို့ပါ၍ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်နေသည့် သုတေသနလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မေ ၁၀ ရက် နံနက်ပိုင်းက မအူပင်မြို့နယ် တလုပ်လှ ငါးလုပ်ငန်းစခန်း၊ တွံ့တေးငါးလုပ်ငန်းအတတ်သင်သိပ္ပံ နှင့် ငါးလုပ်ငန်းစခန်းများမှ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ငါးသုတေသန ပညာရှင်များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။
May 11, 2021
မိမိနိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပြယုဂ်တစ်ခုဖြစ်ပြီး လက်မှုအနုပညာ ထုတ်ကုန် အဖြစ် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် ယွန်းအတတ်ပညာ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးကို အလေး ဂရုပြုကြိုးပမ်းကြစေလိုကြောင်း ၊ ကိုဗစ်-၁၉ကြောင့် ပိတ်ထားခဲ့ရသည့် မိမိတို့ ဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်များ ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ မကြာမီဖွင့်လှစ် တော့မည်ဖြစ်ပြီး ယွန်းပညာကောလိပ်အပါအဝင် ကောလိပ် ၃ ခုကိုလည်း ဆက်လက် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက် များ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ကြစေလိုကြောင်း မေ(၉)ရက် နံနက်က ယွန်းပညာ ကောလိပ်(ပုဂံ)သို့ရောက်ရှိစဉ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
May 11, 2021
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ရှမ်းပြည်နယ်တွင် နေရာအနှံ့အပြား၊ နေပြည်တော်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပါသည်။
May 11, 2021
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦ များ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား လုပ်ဆောင်လျက်ရှိသည်။
May 11, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်းလျက်ရှိသည်။