နေပြည်တော် မေ ၁ဝ
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ရာဇဓိရာဇ်လမ်းနှင့် ကုန်သည်လမ်းပေါ်၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ငွေကြေးလိမ်လည် ယူဆောင် သွားသည်ဟု မဟုတ်မမှန်စွပ်စွဲပုတ်ခတ် သတင်းဖြန့်ဝေသူကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ သိရှိရသည်။
စိစစ်ဖော်ထုတ်
ဖြစ်စဉ်မှာ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နိုင်လင်းအောင်(ဘ)ဦးတင့်လွင် သည် ၎င်းစီးနင်း လာသည့် Light Truck အမျိုးအစား မော်တော်ယာဉ် အမှတ်၊ YGN 6F/-~ ပေါ်မှ ငွေကျပ် ၂၅ သိန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း ၎င်း၏အစ်မဖြစ်သူ မနီနီနွယ်နှင့် မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့ကို လိမ်လည်ပြောဆိုခဲ့ကြောင်း၊ ထိုသို့လိမ်လည် ပြောဆိုမှု ကြောင့် အစ်မဖြစ်သူမှ ပြန်လည်ရယူလိုမှုဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ ကြောင်းသိရှိရသဖြင့် တာဝန်ရှိသူများက ဖြစ်စဉ်မှန် ကို စိစစ်ခဲ့ရာ နိုင်လင်းအောင်သည် ငွေကျပ် ၂၅ သိန်းအား ၎င်း၏ရည်းစားဖြစ်သူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၅၄)တိုးချဲ့ရပ်ကွက် ကျောင်း(၂) လမ်းနေ မအေးအေးသန်း(ဘ) ဦးစံအေးကို ပေးအပ်ခဲ့ကြောင်း၊ မအေးအေးသန်းက အဆိုပါ ငွေကျပ် ၂၅ သိန်းထဲမှ ငွေကျပ်သိန်း ၂၀ ကို ၎င်းအလုပ်လုပ်ကိုင်ခဲ့သည့် Tokyo Auto Service ၏ အလုပ်ရှင်ဖြစ်သူ ဦးရဲထွဋ်ထံသို့ ပေးဆပ်ရန် ကျန်သည့်အကြွေးပေးဆပ်ခဲ့ကြောင်း စိစစ်ဖော် ထုတ်နိုင်ခဲ့သည်။
အရေးယူဆောင်ရွက်
ထို့ကြောင့် တပ်မတော်သားများ၏ ဂုဏ်သရေ ညှိုးနွမ်းအောင် မမှန်မကန်စွပ်စွဲ သတင်း ဖြန့်ဝေခဲ့သော နိုင်လင်းအောင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဗိုလ်တထောင်မြို့မရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ
24 May, 2025