နေပြည်တော် မေ ၁၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည်၊ သာသနာရေးဦးစီးဌာနက ကျင်းပသော ၂၀၂၁ ခုနှစ်၊ နိကာယ်စာမေးပွဲကို ၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်မှ နယုန်လပြည့်ကျော် ၁ ရက် အထိ (၂၀၂၁ ခုနှစ်၊ ဇွန် ၂၁ ရက်မှ ဇွန်လ ၂၅ ရက်အထိ) ၅ ရက်တိုင်တိုင် သတ်မှတ်ထားသည့် စာဖြေဌာနများ၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပါသဖြင့် ဖြေဆိုရမည့် ကျမ်းစာအလိုက် သတ်မှတ် ထားသော ရက်အတိုင်း နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဖြေဆိုခွင့် ပြုမည်ဖြစ်သည်။
စာမေးပွဲအချိန်စာရင်းများကို သက်ဆိုင်ရာမြို့နယ်သံဃနာယကအဖွဲ့ရုံးများသို့ ဆက်လက်ပေးပို့ သွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)