Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင်အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများနှင့်ပတ်သက်၍ သုံးသပ်တွေ့ရှိချက် ထုတ်ပြန်

နေပြည်တော် မတ် ၂၇  

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် ရန်ပြုပစ်ခတ်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများအနေဖြင့် ၂၀၂၁ ခုနှစ် မတ် ၂၆ ရက်တွင် လှိုင်မြို့မရဲစခန်းအား တိုက်ခိုက်မှုဖြစ်စဉ်တွင်  လက်ပစ်ဗုံး သုံးလုံးစလုံး ပေါက်ကွဲခဲ့ပြီး လက်ပစ်ဗုံးပစ်ခတ်စဉ်  လွင့်စင်ကျခဲ့သည့် လီဗာတံ နှစ်ချောင်းနှင့် ဗုံးအိမ်ခေါင်း တစ်ခု၊ဘောစိအစအနများ တွေ့ရှိရပြီး ၎င်းအစအနများနှင့် လီဗာတံ  ပုံစံတူ သုံးချောင်းကို မတ် ၂၇ ရက် ကြည့်မြင်တိုင်မြို့နယ် မြို့မရဲစခန်းကို လာရောက်ပစ်ခတ်သည့် လက်ပစ်ဗုံး သုံးလုံး ပေါက်ကွဲရာနေရာတွင် ထပ်မံတွေ့ရှိခဲ့ရသည်။

၎င်းဖြစ်စဉ် နှစ်ခုအရ အကြမ်းဖက်မှုဆောင်ရွက်သူအဖွဲ့ အနေဖြင့် အသုံးပြုသည့် လက်ပစ်ဗုံး အမျိုးအစားတူ ထုတ်လုပ်သည့်နိုင်ငံနှင့် အမျိုးအစား စိစစ်ဆဲများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရပြီး တာမွေမြို့နယ်အတွင်း ဖမ်းဆီးရမိသည့်ဖြစ်စဉ်တွင် အမျိုးအစား မတူညီသော လက်ပစ်ဗုံး ထုတ်လုပ်သည့်နိုင်ငံနှင့် အမျိုးအစား စိစစ်ဆဲများ အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ရန်ကုန်မြို့အတွင်း သောင်းကျန်းသူနယ်မြေများ၊ နယ်စပ်ဒေသများမှ လက်ပစ်ဗုံးနှင့် အမျိုးအစားတူ လက်နက်ခဲယမ်းများ ဝင်ရောက်လာနိုင်သည်ကို သုံးသပ်တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်