Skip to main content

ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက်တွင် အေးချမ်းစွာနေထိုင်သည့် ပြည်သူတစ်ဦးကို ဆူပူအကြမ်းဖက်သူလူတစ်စုက ဝိုင်းဝန်းရိုက်နှက်

နေပြည်တော် မတ် ၂၇ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့ ရွာကောက်ရပ်ကွက်ပေါင်းလောင်း(၁) ရပ် (၁၀)လမ်းတွင် နေထိုင်သည့် ရာအိမ် မှူးဖြစ်သူ ဦးဟန်ထွန်းနိုင်(ဘ)ဦးဝင်းနိုင် ကို မတ် ၂၃ ရက် ည ၁၀ နာရီခန့်တွင် ဆူပူအကြမ်းဖက်သူလူတစ်စုက ဝိုင်းဝန်း ရိုက်နှက်ခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဦးဟန်ထွန်းနိုင်သည် တစ်ရပ်ကွက်တည်းနေ ဦးသိန်းဝင်း၏ နေအိမ်သို့ မတ်၂၃ရက်ည၉နာရီခန့်တွင် (၁၀)လမ်းအတိုင်း သွားရောက်ခဲ့ပြီး ၎င်း၏ နေအိမ်သို့ပြန်လာစဉ် (၁၀)လမ်း နှင့် စကားဝါလမ်းထောင့်အရောက်တွင် ဆူပူအကြမ်းဖက်သူ ၂၀ ခန့်က ဆိုင်ကယ် (၁ဝ) စီးဖြင့် ရောက်ရှိလာကာ ၎င်းအား (၉) လမ်းနှင့်ဈေးဘက်သို့ ခေါ်ဆောင်သွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းပေးဟု ပြောဆို၍ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ ဦးဟန်ထွန်းနိုင် တွင် ဝဲ/ယာဘက် နားရွက်ပြတ်ရှဒဏ်ရာ၊ ယာဘက်ပခုံးဖူးရောင်ဒဏ်ရာ၊ ကျောကုန်း ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ည ၁၀ နာရီခွဲတွင် နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိ ကြောင်း သိရသည်။ ဖမ်းဆီးရမိ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် ဦးဆောင်သူများနှင့် ပါဝင်ပတ်သက်သူ များကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ မတ် ၂၄ ရက် နံနက် ၁နာရီခန့်တွင် အားမာန်သစ်ကားဝပ်ရှော့တွင် ပုန်းခိုနေသည့် ရန်နိုင်စိုး(ဘ) ဦးကျော်ဆန်းဦးနှင့် ဆန်းမင်း(ဘ)ဦးစိုး တို့အား ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်