နေပြည်တော်၊ ဧပြီ - ၁၃
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် များအတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက် မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ အေပြီ ၁၂ ရက်နှင့် ယနေတို့တွင် တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူ များကို တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။
ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည် သဘောပေါက်ကာ တူမီးသေနတ် ၁၈၈ လက်၊ လက်လုပ်သေနတ် ၁၂၆ လက်တို့ကို ၎င်းတို့ သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်