Apr 17, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်း အမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းရေးနှင့် လူသားချင်း စာနာထောက် ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင် စခန်း အသီးသီးတွင် အကျဉ်း ကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူများကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုခဲ့သည်။
Apr 17, 2021
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ကုန်လွန်၍ ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါဝင် ဘုရားစေတီများ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။
Apr 17, 2021
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီး အမှူးပြု သော ဆရာတော်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်ဝေဟင်၌ ရဟတ်ယာဉ်ဖြင့် လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
Apr 17, 2021
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအား ဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း။
Apr 17, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ ပရိတ် တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
Apr 17, 2021
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန မိသားစုတို့၏ မြန်မာနှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်း အနားကို ယနေ့ညနေ ၄ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ဦးစီးဌာန အကြီးအကဲများနှင့် ဝန်ထမ်း များ တက်ရောက်ကြသည်။
Apr 17, 2021
နှစ်သစ်ကူးအခါသမယ မြန့်မာ့နှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန်ဖြင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ဗဟိုအကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား၊ အကျဉ်းသူ (၁၅၆၇)ဦး လွတ်မြောက်ခဲ့ကြသည်။
Apr 17, 2021
(၁၃) ကြိမ်မြောက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၌ ကျင်းပသည်။