Skip to main content

ဦးထမ်းပဲ့ထမ်း ဝိုင်းဝန်းထမ်းဆောင်

ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၏ ပုံရိပ်များတွင် မြို့ကြီးပြကြီး များ၌ မြင်နေကျဖြစ်သည့် ရေကစားမဏ္ဍပ်ကြီးများ၊ အဆိုအတီး က စင်မြင့်ဖျော်ဖြေမှုများ စသည့် မြင်ကွင်းများအစ ဘုရားကျောင်ကန်များ၌ ကုသိုလ်ယူကောင်းမှုပြုသည့် မြင်ကွင်းများ၊ စတုဒီသာကျွေးမွေး လှူဒါန်းကြသည့်မြင်ကွင်းများ ဒေသအလိုက် တည်ရှိနေသည့် အပန်းဖြေအနားယူစရာနေရာ များတွင် အပန်းဖြေ ရေကစားကြသည့် မြင်ကွင်းများကို တွေ့မြင်ကြရသည်။ ကိုစ်-၁၉ ကူးစက်ရောဂါဆိုင်ရာစည်းမျဉ်းစည်းကမ်းများကြောင့် မင်နွှဲခဲ့ကြရ သည့် ယမန်နှစ်ထက် ယခုနှစ်သင်္ကြန်တွင် ပျော်ရွှင်မှုရကြသည်ဟု ဆိုရမည်ဖြစ်သည်။ သင်္ကြန်ကာလ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကုသိုလ် ကောင်းမှုပြုခြင်းနှင့် အပန်းဖြေရေ ကစားခြင်းတို့ဖြင့် မြို့ရွာဒေသအနှံ့ အပြ၁ဆင်နွှဲနေကြသည့်ရက်များအတွင်းမှာပင် အချို့မြို့ရွာ ဒေသများ တွင် သူမှု၊ အကြမ်းဖက်တိုက်ခိုက်မှုနှင့် တ်ဖြတ်မှုတို့ ဖြစ်ပေါ် အောင်မသမာသူတို့က ပြုလုပ်နေကြသည်ကိုလည်း သတင်းများ တွင် တွေ့ရှိရသည်။ ၎င်တို့၏ အဓိကရည်ရွယ်ချက်မှာ အေးချမ်း တည်ငြိမ်မှု ပျက်ပြားအောင် နှောင့်ယှက်ခြင်း၊ ပြည်သူ လူထုအတွင်း ထိတ်လန့်ချောက်ချားစေလိုခြင်း၊ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား တွင် အခြေခံ အကျဆုံးဖြစ်သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး ယန္တရားများကိုပျက်စီးစေလိုခြင်း တို့ပင်ဖြစ်သည်။ ဒီမိုကရေစီရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတို့ကို အကြောင်းပြခဲ့သည့်ဆူပူအကြမ်း ဖက် တိုက်ခိုက်သတ်ဖြတ်မှုတို့မှာ အချိန်ကြာလာသည်နှင့်အမျှ ပြည်သူနှင့်ပို၍ ပို၍ ကင်းကွာလာခဲ့သည်။ အုပ်စုဖွဲ့ အနိုင်ကျင့်မှု၊ ကိုယ့်ဘက်မပါကို ကိုယ့်ရန်သူအဖြစ် သတ်မှတ်မှု၊ ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ်မှုတို့ကဲ့သို့သော လုပ်ရပ်များမှာ “ဒီမိုကရေစီ” ဟူ၍ နှုတ်က မည်မျှပင်အော်နေစေကာမူ ဒီမိုကရေစီ နှင့်ပြဒါးတစ်လမ်း သံတစ်လမ်းလားလား မျှမဆိုင်ဟူ၍ သတ်သော်ကာ ဒီမိုကရေစီကိုမြတ်နိုးတိုင်းက ဝိုင်းဆန်းဆန့်ကျင်ကြရမှာ ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်ကာ ပြည်သူလူထု၏ နိုင်ငံသား အခွင့်အရေးတို့ဆုံးရှုံးသွား သည့် အခြေအနေမဟုတ်။ တက်လာသည့် အစိုးရသည်လည်း တပ်မတော်အစိုးရ(ဝါ) စစ်အစိုးရဟု ဆိုနိုင်သည့် အစိုးရမျိုးမဟုတ်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) တည်ရှိနေသလို အစိုးရသည်လည်း တပ်မတော်နှင့် အရပ်ဘက်တို့ ပူးပေါင်ထား သည့် အစိုးရမျိုးဖြစ်သည်။ တပ်မတော်က ဦးဆောင်နေသည် မှန်သော်လည်း အချိုးအစားအရ အရပ်က တပ်ဘက်ထက် ပိုမိုများပြသလို တစ်သွေးတစ်သံတစ်မိန့်ဖြင့် စီမံအုပ်ချုပ်နေခြင်း မဟုတ်ဘဲ စုပေါင်း ဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေများနှင့်အညီဆောင်ရွက်ခြင်း တို့ဖြင့် အရေးပေါ်ကာလတာဝန်များကို ဦးထမ်း ပဲ့ထမ်း ဝိုင်းဝန်းထမ်းဆောင်နေကြခြင်း ဖြစ်သည်။ “တပ်မတော်၏ တာဝန်သည် ပြည်သူကို ကာကွယ်ရန်၊ တိုင်းပြည်၏ရန်ကို ကာကွယ်ပေးရန်ဖြစ်ပြီး ပြည်သူကို အုပ်ချုပ် သည့် အဖွဲ့ အစည်မဟုတ်ကြောင်း၊ ယခုအခါ နိုင်ငံ့အရေးကိစ္စရပ်များ ကြောင့်သာ ဝင်ရောက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လွတ်လပ် ရေးရပြီးချိန်မှစ၍ တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်များကို ဝင်ရောက်ထမ်းဆောင်ခဲ့ရသည်များရှိကြောင်း၊ အဆိုပါကာလများ အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကိုလည်း ဖြေရှင်းခဲ့ရကြောင်း တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးအပ်ထားသည့် ကောင်းမွန်သည့် အမွေဖြစ်သဖြင့် မိမိတို့အနေဖြင့် စည်းကမ်းတကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း” စသည်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရန်ကုန်တပ်နယ်မှရရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ တပ်မတော်၏ အခန်းကဏ္ဍနှင့် တာဝန်ထမ်းရွက်ရသည့် သာကေတို့ကို ထင်ရှားစေသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တို့ဖြင့် အရေး ပေါ်ကာလပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်လျက်ရှိရာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်သည့် အခြေအနေအရပ်ရပ်တို့ ဖြစ်ပေါ်လာစေရေးအတွက် ဒီမိုကရေစီ အစစ်အမှန်ကို လိုလားသူနိုင်ငံသားတိုင်က ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။