Skip to main content

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန် များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်

နေပြည်တော် ဧပြီ ၁၅ နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ ဖော်ပြပါ ဆရာဝန်များအနက် လွိုင်ကော်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ခိုင်ငြိမ်းအေး(အထူးကု)သည် မင်းသုခ အထူးကုဆေးခန်းနှင့် ဆေးဆိုင်၌လည်းကောင်း၊ လွိုင်ကော်ပြည်သူ့ဆေးရုံ(နား/နှာခေါင်း/ လည်ချောင်း)မှ ဒေါက်တာ မေသက်ထွန်း (အထူးကု)သည် မြတ်တော်ဝင်အထူးကုဆေးခန်း၌လည်းကောင်း၊ သထုံပြည်သူ့ ဆေးရုံမှ ဒေါက်တာ စိုးအောင်သန်း(ခွဲစိတ်အထူးကု)သည် ဒီဃာယုဆေးခန်း၌ လည်းကောင်း၊ သထုံပြည်သူ့ ဆေးရုံမှ ဒေါက်တာ နှင်းအေးခိုင်(အထူးကု)သည် ဆေးခန်းဖွင့်လှစ်၍ လည်းကောင်း၊ သထုံပြည်သူ့ ဆေးရုံ (ဓာတ်မှန်)မှ ဒေါက်တာ နီလာသန္တာငြိမ်း(အထူးကု)သည် စံပြအထူးကု ဆေးခန်း၌လည်းကောင်း တာဝန်ကျရာ ဆေးရုံများတွင် ကုသခြင်းမပြုဘဲ CDM ပြုလုပ်၍ ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် သွားရောက် ကုသလျက် ရှိကြောင်း မှတ်တမ်း ဓာတ်ပုံများနှင့်အတူ အောက်ပါအတိုင်း စိစစ်တွေ့ရှိရ ပါသည်။ အဆိုပါအမှုဖွင့်လှစ်ထားသော ဆရာဝန်များအား ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိရာ လက်ခံထားသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည့် အပြင် ၎င်းတို့ကိုလက်ခံ၍ ဆေးကုသခွင့်ပေးထားသည့် ပြင်ပ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ဆေးရုံ/ဆေးခန်း ပိုင်ရှင်များ ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မည်သည့် ကျန်းမာရေးဝန်ထမ်းမဆို တာဝန်ကျရာ ဆေးရုံများ၌ CDM လှုပ်ရှားမှုတွင် ပါဝင်ကာ မူလ တာဝန်များ ထမ်းဆောင်ခြင်းမရှိဘဲ အခြားပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များသို့သွားရောက်၍ အခကြေးငွေရယူ ဆေးကုသခြင်း၊ ကူညီလုပ်ဆောင်ခြင်းများ ပြုလုပ်ပါက တရားဥပဒေနှင့်အညီ အရေး ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား လက်ခံထားသည့် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းပိုင်ရှင်များအား CDM လှုပ်ရှားမှု၌ ပါဝင်သူများကို ထောက်ခံအားပေးခြင်းအရ ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ သတင်းစဉ်