Skip to main content

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်

နေပြည်တော် ဇူလိုင် ၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် (၁၉) သီရိရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  ကျင်းပသည်။

အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက “တိုင်းပြည်တစ်ခု ဖွံ့ဖြိုး တိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် ပညာတတ်လူသားအရင်းမြစ် များ လိုအပ်မည်ဖြစ်ပြီး အခြေခံမှာ အတန်းပညာ တတ်မြောက်ရန်ပင် ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အရေးကြီးကြောင်း” ကို လမ်းညွှန် မှာကြားခဲ့ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မူလတန်းမှ အထက်တန်းအဆင့်ထိ တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများအတွက် နိုင်ငံတော်အစီအစဉ်ဖြင့် အခမဲ့ ပညာရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက် ပေးနေသကဲ့သို့၊ ဝန်ကြီးဌာန အနေဖြင့် လည်း တစ်ဖက်တစ်လမ်းက ပညာသင်ထောက်ပံ့ကြေးများ ပံ့ပိုးပေးခြင်းကြောင့် ကျောင်းသား/ ကျောင်းသူများ၏ ပညာရေးအတွက် အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်းနှင့် နိုင်ငံတော် အတွက်လိုအပ်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားသွားရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ဆေးတက္ကသိုလ်/ နည်းပညာတက္ကသိုလ်/ ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်များတွင် ပညာသင်ကြား နေသော ကျောင်းသား/ ကျောင်းသူ(၁၆၆)ဦး၊ အထက်တန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူ (၄၈)ဦး၊ အလယ်တန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူ (၇၁)ဦး၊ မူလတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၁၃၉)ဦး၊ စုစုပေါင်း (၄၂၄) ဦး၏ ပညာသင်ထောက်ပံ့ကြေးများကို ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)