Skip to main content

တရားမအထူးအယူခံမှု (၄) မှုကို စီရင်ချက်ချမှတ်၊ (၄) မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် ဇူလိုင် ၅

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော် ချုပ်၊  ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ်  ၉၆/ ၂၀၁၉ (မန္တလေး)နှင့် ၉၇/၂၀၁၉(မန္တလေး)ကို ကြားဖြတ်အမိန့်ချမှတ်ပြီး၊ တရားမအထူးအယူခံမှုအမှတ် ၇၁/၂၀၁၉ (ရှမ်း)၊ ၉၅/၂၀၁၉ (ရန်ကုန်)၊ ၉၉/၂၀၁၉ (ရန်ကုန်)၊ ၁၀၇/၂၀၁၉ (မကွေး)၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၄)  မှုကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှု အမှတ် ၈၈/၂၀၁၉ (စစ်ကိုင်း)၊ ၉၂/၂၀၁၉ (ဧရာဝတီ)၊ ၉၃/၂၀၁၉ (ဧရာဝတီ)၊ ၃၅/၂၀၂၀ (ဧရာဝတီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)