Jul 05, 2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်း တိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ် ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊
Jul 05, 2021
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မား ရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက် မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၅၆၂၆ ဦးနှင့် အတွင်းလူနာပေါင်း ၇၇၁၅၂ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
Jul 05, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ချောင်းမငယ်ရေလှောင်တမံ ပတ်ဝန်းကျင်နှင့် ရုံးပင်သစ်တောကြိုးဝိုင်းဧရိယာ တွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဦးစီးဌာနများအလိုက် ကျင်းပသည်။
Jul 05, 2021
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို (၇၄)နှစ်မြောက် အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိဖွင့်လှစ်ပြသ ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအခြေအနေအရ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် အား အွန်လိုင်းမှပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
Jul 05, 2021
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။
Jul 05, 2021
ယခုအခါ ကမ္ဘာပေါ်ရှိ နိုင်ငံနှင့်ဒေသပေါင်း ၉၈ ခုသို့ ကိုဗစ်-၁၉ ဗီဇပြောင်းဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွား လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အကြီးအကဲကသတိပေး ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသစ်မှာ ကူးစက်မှုနှုန်းမြန်ပြီး ထိခိုက်မှုနှုန်းများသည့် ဒယ်လ်တာပိုးဟုဆိုကြသည်။ ထိုပိုးသစ်ကို အိန္ဒိယနိုင်ငံ၌ စတင်တွေ့ရှိသော အန္တရာယ်ရှိသည့် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်အမျိုးအစား ဟု ၎င်းက ညွှန်းဆိုသတိပေးပြောကြားခဲ့သည်။
Jul 05, 2021
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးများ ပေါ်လာပြီးနောက် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်ဖြင့် ပြန်လည်မြင့်တက်လာသည်။ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး လေးငါးမျိုး ပေါ်ထွက်လာသည့်အနက်ဒယ်လ်တာဟုအမည်ပေးထား သည့်ပိုးက တစ်ကမ္ဘာလုံးတွင် ဗိုလ်စွဲသည်ဟု ဆိုရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ နီးနီးတွင် ဒယ်လ်တာ ဗီဇပြောင်းရောဂါပိုးက ဝင်ရောက်ပျံ့နှံ့နေပြီဖြစ်သည်။
Jul 04, 2021
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံ ဘုရား အရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ စက်မှုဝန်ထမ်းဟောင်းများနှင့် တွေ့ဆုံဆွေးနွေးသည်။
Jul 04, 2021
(၃-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၄-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၃၇၈)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂,၃၁၈) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၇၇၂,၃၆၁) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၆၅,၄၀၅) ဦး ရှိပြီ ဖြစ်ပါသည်။