May 10, 2021
နိုင်ငံ့စီးပွားရေးကို ဦးမော့လာစေရေး အလေးထားကြိုးပမ်းဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ထိထိရောက်ရောက် တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲချမှတ် အကောင်အထည်ဖော် လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လွယ်ကူလျင်မြန် ချောမွေ့စေရေးတို့အတွက် မူဝါဒနှင့် လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ ကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးနိုင်ရေး၊ ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ ချေးငွေအကူအညီနှင့် အထောက်အပံ့များအား ထိရောက်စွာ ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 10, 2021
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၂၀၂၁ ခုနှစ်၊ မေလ (၁၀)ရက်နေ့ ည(၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
May 10, 2021
ပညာရေးဝန်ကြီးဌာန အခြေခံပညာကဏ္ဍ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲကြီးကြပ်မှု မွမ်းမံ သင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 10, 2021
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့သည် ယမန်နေ့ နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာမြို့ဦး ပရဟိတဂေဟာ ဆရာတော် ဦးပညာစာရ ထံသို့ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
May 10, 2021
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သစ်တောဦးစီးဌာနမှ တည်ထောင်ထားသော အမြဲတမ်း ပျိုးဥယျာဉ်ရှိ ပျိုးပင်ကြီးများ ပျိုးထောင်ထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။
May 10, 2021
နိုင်ငံတော်က ချမှတ်ထားသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ မူဝါဒများနှင့်အညီ စီမံကိန်း စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအကြား အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မေ ၉ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပသည်။
May 10, 2021
စားသုံးဆီတင်သွင်း၊ ဖြန့်ဖြူးရောင်းချမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပ သည်။
May 10, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ ၉ ရက် နံနက်ပိုင်းတွင် သံတွဲ - ဂွ -ငါးသိုင်းချောင်းလမ်း(သံတွဲ-ဂွ-လမ်းအပိုင်း) ပြုပြင်ထိန်း သိမ်းထားရှိမှု၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈)မှ အရှည်ပေ (၃၀၀) ကျောက်ပါးစပ် တံတား တည်ဆောက်ပြီးစီးမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။