Skip to main content

May 12, 2021

ရန်ကုန်အရှေ့ပိုင်း (ဂန္ဒီ) ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာန အပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများတွင် ပြင်ပလူနာ၊ အတွင်းလူနာများအား ၂၄ နာရီ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရန်ကုန်အရှေ့ပိုင်း (ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးကို ဝန်ထမ်းအင်အားအခြေအနေအရ ဖေဖော်ဝါရီ ၅ ရက်မှ စတင်၍ အတွင်းလူနာဌာနနှင့် အချို့သောဌာနများကို ယာယီပိတ်ထားခဲ့ရပြီး ပြင်ပ လူနာဌာနနှင့် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ခွေးရူးပြန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုသာဆောင်ရွက် ပေးနိုင်ခဲ့သည်။ ဧပြီလမှစတင်ပြီး ဆရာဝန်၊ လက်ထောက် ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းအင်အား စုစုပေါင်း ၆၀ ကျော်ခန့်ဖြင့် အတွင်းလူနာ ၂၀ ခန့်၊ အရေးပေါ် ပြင်ပလူနာဌာနကို နံနက် ၈ နာရီမှ ညနေ ၄ နာရီ အထိ၊ အထူးကုပြင်ပလူနာဌာနတွင် အရေပြား ရောဂါ ကုသရေးဌာနမှလွဲ၍ အခြားသောဌာနများ ကို ပုံမှန်လည်ပတ် ကုသပေးလျက်ရှိသည့် အပြင်ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2021

ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး အောင်မြင်မှုရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး အတွက် နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် စခန်း သွင်းလေ့ကျင့် လျက်ရှိရာ အဆိုပါအားကစားသမား များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကားလေ့ကျင့်ရေးစခန်းရှိ Gold Medal Hall ခန်းမ၌ တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2021

ဆီထွက်သီးနှံအမျိုးမျိုး စိုက်ပျိုးပေး ကမ္ဘာပေါ်တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ကမ္ဘာတစ်ဝန်း၌ စားနပ်ရိက္ခာလိုအပ်ချက် မြင့်မားလာပြီး တစ်ဖက်တွင် စီးပွားရေး အပိုင်းပါ ကျဆင်းလာသည်ကို ကြားသိရသည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး အပိုင်းတွင် ကျဆင်းနေသော်လည်း နိုင်ငံ့လူဦးရေနှင့် စားနပ်ရိက္ခာ လောက်ငဖူလုံ သောနိုင်ငံဖြစ်၍ စိုးရိမ်ဖွယ်ရာအလျှင်းမရှိပေ။

ဆက်လက်ဖတ်ရှုရန်

May 12, 2021

ကိုယ်ရောစိတ်ပါ ကျန်းမာ၊ ချမ်းသာ၍ ရောဂါဘယများ ကင်းဝေး မှသာ ကျန်းမာခြင်းနှင့် ပြည့်စုံ သည်ဟု ဆိုသည်။ ဘဝသက်တမ်း တစ်လျှောက်တွင် ကျန်းမာရေးနှင့်ပြည့်စုံမှသာ အသက် လည်း ရှည်နိုင်မည်။ သို့ရာတွင် မြန်မာလူမျိုးတို့၏မျှော်မှန်းသက်တမ်းမှာ ၆၇ ဒသမ ၄၂ နှစ်ဖြစ် ပြီး အိမ်နီးချင်းနိုင်ငံများတွင် အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိနေသည်။ အကြောင်းရင်းမှာ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများကို ကျင့်သုံးနေထိုင်မှု နည်းပါးခြင်းကြောင့် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၌ လက်နက်ကိုင်အကြမ်းဖက်သူများ၏ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2021

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ အပြစ်ကျတရားခံများ သွားရောက်ပို့ဆောင်သည့် ရေယာဉ်အား လက်နက်ကိုင်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အပြစ်ကျတရားခံ အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2021

နိုင်ငံတော်အတွင်း မြို့နယ်အချို့၌ အုပ်ချုပ်ရေးယန္တရားနှင့် တရားဥပဒေစိုးမိုးမှု ထိခိုက် ပျက်ပြားစေရန်နှင့် ပြည်သူလူထုများကြားတွင် အကြောက်တရားများ လွှမ်းမိုးစေရန်ရည်ရွယ် ကာ အကြမ်းဖက်အုပ်စုများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် မေ ၁၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက် အောက်ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2021

ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ LNG တင်သွင်းနိုင်ရေးကိစ္စနှင့် နိုင်ငံတော် အတွင်း ငွေကြေးလည်ပတ်စီးဆင်းမှု ပုံမှန်အခြေအနေသို့ရောက်ရှိစေရန် ကိစ္စဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၂၆)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်