နေပြည်တော် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ မင်းမင်း (ဘ)ဦးဇော်ဝင်း သည် ၂၀၂၀ ဇွန်လခန့်မှစ၍ ၂၀၂၁ ခုနှစ်၊ ဇွန် ၂ ရက်နေ့အထိ ကာလအတွင်း ၎င်း၏သမီးအရင်း ၂ ဦးအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ -၃၇၆(၁)နှင့် ရာဇသတ်ကြီးပုဒ်မ-၃၇၇ တို့အရ ၎င်းအား ဇူလိုင် ၆ ရက်တွင် “အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို ချမှတ်လိုက်သည်။
ထို့ပြင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်နေ သီဟဇော်(ဘ) ဦးကိုမျိုး သည် ဇွန် ၃ ရက်တွင် ၎င်း၏နေအိမ်၌ ညီဖြစ်သူ လှမျိုးဇော် နှင့် စကားများ ရန်ဖြစ်ရာမှ အရှည် ၈ လက်မခန့်ရှိ ကတ်ကြေးဖြင့်ထိုးခဲ့ရာ လှမျိုးဇော် ၏ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာရရှိကာ သေဆုံးခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ -၃၀၄ အရ ၎င်းအား ဇူလိုင် ၆ ရက်တွင် “အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်