နေပြည်တော် ဇူလိုင် ၇
အရှေ့ဖျားအာရှနှင့် အရှေ့တောင် အာရှနိုင်ငံများ၏ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Coordinating Committee for Geoscience Programmes in East and Southeast Asia CCOP) ၏ (၇၆) ကြိမ်မြောက် ဦးဆောင်ကော်မတီ အစည်းအဝေး (The 76th CCOP Steering Committee Meeting) ကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ (CCOP) ရုံးချုပ်မှ Virtual Meeting ဖြင့် ကျင်းပရာ CCOP အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့် ပါဝင်တက်ရောက် ဆွေးနွေးသည်။
ပါဝင်တက်ရောက်ဆွေးနွေး
CCOP သည် ဘူမိသိပ္ပံဆိုင်ရာ နယ်ပယ်တွင် အကြံပေး အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်နိုင်ငံ များအတွင်း ဓာတ်သတ္တုကဏ္ဍ၊ ဘူမိဘေးအန္တရာယ် လျှော့ချရေး ကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် မြေအောက်ရေကဏ္ဍတို့ကိုစဉ်ဆက် မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခြင်း အားဖြင့် သုတေသနလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး အစီအမံများ စသော ဘူမိသိပ္ပံ ဆိုင်ရာများကို သိရှိနိုင်ခြင်းနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများဖြင့် အကျိုးကျေးဇူးများရရှိနိုင်ပြီး ယခုကျင်းပ သည့် အစည်းအဝေးတွင် အစီ အစဉ်ခုနစ်ခုပါဝင်၍ နိုင်ငံတကာမှ ဘူမိသိပ္ပံဆိုင်ရာ ကျွမ်းကျင်ပညာရှင် (CCOP Technical Secretariat) ကိုယ်စားလှယ် စုစုပေါင်း ၆၆ ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်