Skip to main content

ဖားကန့်၊ မြစ်ကြီးနား၊ ကွမ်းလုံနှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၇

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးဆောင်းချိန် မှော်ဆီဇာကျေးရွာ သွားကားလမ်းတွင် ချာလီ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၀၀ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီတွင် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် အမှတ်(၁/၄၃) နေ ဒေါင်ခေါင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၈ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၅၅၀ ကို လည်းကောင်း၊ ထို့နောက် ဇူလိုင် ၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ကွမ်းလုံမြို့ ဉာဏသိပ္ပံရပ်ကွက်ရှိ ကျင်းချန်၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၀၂၄ ကီလိုကို လည်းကောင်း။ ။

ယင်းနောက် ဇူလိုင် ၅ ရက် မွန်းလွဲ ၃ နာရီခွဲတွင် လားရှိုးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ အမှတ် (၁၁) ရပ်ကွက်တွင် (မသင်္ကာဖွယ် တွေ့ရှိသူ အိုက်ယူကို စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား