Skip to main content

Jun 13, 2021

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအနက် ပြည်သူ လူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံ ပြည်သူလူထုအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေး ခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၄၃၃၈၆ ဦးနှင့် အတွင်းလူနာပေါင်း ၇၁၉၉၀ ဦးတို့ကို ကုသပေး နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2021

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့မှ ပြည်သူ လူထုများက ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သီတာ(၃)လမ်းရှိ မ/၆၄(ခ)နေ ဦးသိန်းအေးနှင့် ဒေါ်လှလှဝင်း တို့၏ နေအိမ်ရှေ့၌ မတ် ၁၃ ရက်မှ ၁၅ ရက်အထိ ညွန့်လွင်(ခ) မောင်ညွန့်(ဘ)ဦးအေး၊ နီလာစိမ်း(ဘ)ဦးရွှေလင်း၊ ဖြိုးဝေ(ခ) ဖြိုးဝေလွင်(ဘ)ဦးညွန့်လွင်၊ ပပဝင်း(ခ) ဖြိုးပပသိန်း(ဘ)ဦးသောင်းညွန့်၊ ညီညီ(ဘ) ဦးမြင့်လွင်၊ ငပိန်(ခ)အာကာလင်း (ဘ) ဦးကိုသန်းတင်၊ ထွန်းကြည်(ဘ)ဦးခင်မောင်၊ ကြည်သာဦး(ဘ)ဦးထွန်းကြည်၊ ခင်အောင်(ဘ) ဦးအောင်ညွန့်၊ သီဟကို(ဘ) ဦးအောင်မျိုးဦးနှင့် ဇော်ထူး(ဘ)ဦးဇော်နိုင်တို့က ဆူပူအော်ဟစ် ကြိမ်းမောင်းပြီး အများပြည်သူကို ထိတ်လန့်စေမှုပြုခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၄၅၂ အရ ၎င်းအား ဇွန် ၁၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ်” အမိန့်ချမှတ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2021

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ် များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှစ၍ ကျန်းမာရေး ဝန်ကြီးဌာနနှင့် အဆက်အသွယ်ဖြတ်ကာ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း လက်ကျန်ငွေ ကျပ် ၁၆၁.၁၉၈ သန်းအား ငွေစာရင်း ရှင်းလင်းခြင်းမရှိဘဲ CDM ဝန်ထမ်းအဖြစ် ခံယူသွားခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် ဒေါက်တာ ထားထားလင်းအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းမှ (ပ)၁၁/၂၀၂၁ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီးနောက် ဆက်လက်ရှာဖွေစုံစမ်းခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်၊ နဝဒေးလမ်းဘေးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2021

နေပြည်တော်ကောင်စီ တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရ ခရိုင် ဥတ္တရသီရိမြို့နယ် ဆင်လူးငန်း စပ်ဆည်၌ ငါးသားပေါက်ကောင်ရေ ၂၀၀၀၀ အား မျိုးစိုက် ထည့်ပေးပွဲအခမ်းအနားကို ဇွန် ၁၂ ရက်တွင် အဆိုပါဆည်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2021

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတို့၏ စီစဉ်မှုဖြင့် လားရှိုးမြို့ တွင် တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက် အအုံသစ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2021

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံနှင့် ရွှေညောင်ဖူး တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊

ဆက်လက်ဖတ်ရှုရန်

Jun 13, 2021

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အအဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေးဆေးရုံများ၌ ကျန်းမာရေး ဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင် ကူညီဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့က သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2021

လောကသဘောသဘာဝအရ သူတစ်ပါးအကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်လျှင် မိမိ၏ အကျိုးစီးပွားလည်း ပြန်လည်ဖြစ်ထွန်းလာမည်မှာ သေချာသည်။ တရားတော်၏ သဘောအရ တူသောအကျိုးပေးသည် မလွဲမသွေခံစားရမည်သာဖြစ်သည်။ နယူတန်၏နိယာမအရ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်။ ထို့ကြောင့် မိမိပြုလုပ်သော ကောင်းသော၊ ဆိုးသောအမှုတိုင်းအတွက် တူညီသော အကျိုးသက်ရောက်မှုရရှိမည်မှာ မလွဲဧကန်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်