Skip to main content

ပြည်သူ့အကျိုးပြုအခွန်ငွေကြေး စိတ်ချစွာအသုံးပြု

 

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက လစဉ်ရောင်းချ ပေးလျက်ရှိသည့် အကြိမ် (၃၀) မြောက် အောင်ဘာလေထီမှစ၍ ထီလက်မှတ်ရောင်းရ ငွေ၏ ရာခိုင်နှုန်း ၇၀ ကို ဆုကြေးအဖြစ် တိုးမြှင့်ပေးမည်ဖြစ်ပြီး ထီဆုငွေအားလုံးကို အကန့်အသတ်မထားဘဲ အပြည့်အဝထုတ်ယူခွင့်ပြုကြောင်း သြဂုတ်လ ၁၈ ရက်နေ တွင် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာခဲ့သည်ကို ကြားသိရသည်။

အောင်ဘာလေထီဆုငွေ ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ လက်ရှိကာလတွင် ဆုငွေထုတ်ယူခြင်း ဆိုင်ရာ ကန့်သတ်ချက်များရှိနေသော်လည်း ထီကံစမ်းသူများ အနေဖြင့် ထီဆုငွေများကို အဆင်ပြေစွာထုတ်ယူနိုင်ရေးအတွက် ထီဆုငွေ ကျပ်သိန်း ငါးရာအထိကို တစ်လုံးတစ်ခဲတည်း ထုတ်ပေးလျက်ရှိပြီး ကျန်ဆုငွေများကို သတ်မှတ်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။ ယခုအခါ အောင်ဘာလေထီး ကံစမ်းသူ မိဘပြည်သူများအတွက် ဆုမဲအရေအတွက် ပိုမိုခွဲဝေပေးနိုင်ရန်နှင့် ထီဆုငွေများကို ပိုမိုအဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်စေရေးအတွက် ယခုစက်တင် ဘာလ ၁ ရက်နေ့ အကြိမ် (၃၀) မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှစ၍ ထီဆုငွေ ရာခိုင်နှုန်းတိုးမြှင့်ပေးခြင်းနှင့် ထီဆုငွေများအားလုံးကို ငွေထုတ်ကန့်သတ်ချက် မထားဘဲ အပြည့်အဝထုတ်ယူခွင့်ပြုသွားမည်ဖြစ်သည်။

အောင်ဘာလေသိန်းထီဆုမဲများကို ခွဲဝေချီးမြှင့်ရာတွင် ယခင်က အောင်ဘာလေ သိန်းထိ အကြိမ်စဉ်အလိုက် ထီလက်မှတ်ရောင်းရငွေ စုစုပေါင်း၏ ၆၀ ရာခိုင် နှုန်းကို ဆုမဲအဖြစ် ခွဲဝေသတ်မှတ်ပေးခဲ့ပြီး ကျန် ၄၀ရာခိုင်နှုန်းကို အောင်ဘာလေ သိန်းဆုခွန်အဖြစ် နိုင်ငံတော် ၏ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ချောမွေ့စွာ လည်ပတ် နိုင်ရန်အတွက် အသုံးပြုလျက်ရှိသည်။ ထို့ကြောင့်အောင်ဘာလေထီကံစမ်းခြင်းသည် ပေါက်လျှင် ယူ၊ မပေါက်လျှင် အများအကျိုး အတွက် ဆောင်ရွက်ခြင်းဖြစ်သဖြင့် မွန်မြတ်သော ကံစမ်းခြင်း သို့မဟုတ် ကောင်းကျိုးဆောင်ကြဉ်ခြင်းဖြစ်ပေသည်။ ယခင်က အောင်ဘာလေထီ ကံထူးသူတို့သည် လစဉ်တစ်နယ်တစ်ယောက် အထူးသဖြင့် အခြေခံပြည်သူများထဲမှ သန်းကြွယ်သူဌေး တစ်ယောက်စီ ပေါ်ပေါက်လာသည်ကို မုဒိတာပွားဖွယ် မြင်တွေ့ရသည်။ ။

ယခုအခါတွင် မြန်မာနိုင်ငံအတွင်း ပြောင်းလဲဖြစ်ပေါ်လာသော နိုင်ငံရေးကို အကြောင်းပြု၍ အဖျက်အမှောင့်လုပ်ဆောင်သူများ၏ လှုံ့ဆော်မှုဖြင့် ပြည်သူ အကျိုးပြု အခွန်အခများမပေး ဆောင်ရေးကို သွေးထိုးပေးခဲ့ရာ အသိအမြင်လွဲမှာ

သော ပြည်သူများက ထိုအရေးများတွင် ပါဝင်လာကြသည်ကို တွေ့ရသည်။ ပြည်သူ များ အဆင်ပြေစွာရပ်တည်နေထိုင်ရေးအတွက် ဆောင်ရွက်ပေးနေသော ၀န်ဆောင် မှုလုပ်ငန်း များဖြစ်သည့် လျှပ်စစ်ဓာတ်အားခပေးဆောင်ရေး၊ နေထိုင်အသုံးပြုမှ ဆိုင်ရာ အခွန်အခများပေး ဆောင်ရေးတို့အပြင် အများပြည်သူ လစဉ်ကံစမ်းရင်း ပြည်သူ့အကျိုးပြုဆောင်ရွက်နေသည့် အောင်ဘာလေထီ စသည်တို့တွင် မပါဝင် မဆောင်ရွက်ရေးဟူသော မှားယွင်းသော လုပ်ဆောင်မှုများ ပြုလုပ်လာကြသည်။ ပြည်သူများ၏အကျိုးအတွက် အောင်ဘာလေ ထီထိုးခြင်းကို ဆန့်ကျင်နှောင့်ယှက် ခဲ့ကြပြီး ပြည်သူများ အကျိုးမရှိသည့် မမှန်ကန်သော ထီထိုးခြင်းများတွင် ပြည်သူ များ ပါဝင်လာအောင် လှုံ့ဆော်စည်းရုံးနေကြသည်ကို တွေ့ရသည်။ ထီဆိုသည်မှာ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေးကဲ့သို့ တရားမဝင်ထီလောင်းကစားမှုကို ဆောင်ရွက်ကြပါက မိမိအတွက်လည်း အကျိုးမရှိသည့်အပြင် ဥပဒေနှင့်မညီသဖြင့် အန္တရာယ် ရှိနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တရားမဝင် နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားမှုများ ပြုလုပ်လျက်ရှိသည်။ အဆိုပါလောင်းကစားမှုများ နေ့စဉ်ပြုလုပ်သောကြောင့် ဒိုင်များသာ ချမ်းသာကြွယ်ဝကြပြီး ထိုးသားပြည်သူများ ဘဝပျက်ကြသည့်အပြင် ဖမ်းဆီးအရေးယူခြင်းကိုလည်း ခံကြရသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ယခုလည်း မတရားအသင်းများဖြစ်သည့် CRPH NUG တို့က နွေဦးထီဟုဆိုကာ တရားမဝင်ရန်ပုံငွေရှာဖွေမှုများပြုလုပ်နေရာလေလှိုင်းပေါ်တွင် မရေရာ မသေချာဘဲ ထီထိုးကြသဖြင့် ထီပေါက်ငွေလည်းမရ၊ ထီထိုးငွေလည်း မည်သူ့ထံရောက်ရှိ သွားမှန်းမသိဘဲ မိမိတို့၏ငွေကြေးများသာ ဆုံးရှုံးရမည့်အပြင် တရားမဝင်ထီကို ထိုးကြသဖြင့် ဥပဒေနှင့်ငြိစွန်းပြီး အရေးယူခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

ယခုနွေဦးထိသည် နှစ်လုံးထီ၊ သုံးလုံးထီထက် ပိုမိုအန္တရာယ်ရှိသည်ကို အထူး သတိပြုရမည် ဖြစ်သည်။ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာ ထားသည့်အဖွဲ့များက ပြုလုပ်သည့်နွေဦးဆီကို ရောင်းခြင်း၊ စည်းရုံးခြင်း၊ အားပေး ခြင်း၊ ထီထိုးခြင်းတို့သည် အကြမ်းဖက်အဖွဲ့အစည်းကို အားပေးခြင်းမြောက်သဖြင့် ပြည်တွင်းနေ ပြည်သူများအနေဖြင့် အထူးသတိထား သိရှိထားရန်လိုအပ်သည်။ မိမိတို့အနေဖြင့် ထီထိုးရန်ဆန္ဒရှိပါက ပြုပြင်ပြောင်းလဲ ပြင်ဆင်ဆောင်ရွက်ပေးထားသော တရားဝင်အောင်ဘာလေထီကိုထိုးခြင်းဖြင့် မိမိအတွက် တရားဝင်ငွေကြေး အလွယ်တကူရရှိခြင်း သို့မဟုတ် အများအကျိုးအတွက် ဆောင်ရွက်ခြင်းဟူသည့် အကျိုးရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ အယ်ဒီတာ့အာဘော်