Skip to main content

သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်မည်

 

 

နေပြည်တော် ဇွန် ၂၁

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူးဖွင့်လှစ်မည့် သတင်းမီဒီယာ သမားများ အရည်အသွေးမြှင့်တင်ရေး သင်တန်းကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၃၁ ရက်အထိ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီရုံးအမှတ် (၃၉၂/၃၉၆) ကုန်သည်လမ်း ဗိုလ်တထောင် မြို့နယ် တွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ် ကြောင်း သိရသည်။

 

 

သင်တန်းချိန်ကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီခွဲအထိ သတ်မှတ်ထားရှိပြီး တက်ရောက် လိုသူများသည် အထက်ပါ ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ် Sooo mmpresscouncil@gmail.com သို့ဖြစ်စေဇူလိုင် ၅ ရက် နောက်ဆုံးထား ပေးပို့ လျှောက်ထားနိုင်ပါကြောင်းနှင့်လျှောက်လွှာပုံစံနှင့် အသေးစိတ်သိရှိ လိုသည်များကို မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ facebook page တွင် လည်းကောင်း၊ ကောင်စီရုံးသို့ ရုံးချိန် အတွင်း ဖုန်းနံပါတ် ၀၉-၄၄၈၀၂၆၃၂၆ သို့ လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်