Jun 23, 2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Jun 23, 2021
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
Jun 23, 2021
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည်မန္တလေးမြို့ အတွင်းဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန် လက်နက်ခဲယမ်းများ နှင့်အတူ အကြမ်းဖက်သူတချို့ရောက်ရှိခိုအောင်းနေကြောင်းသတင်းအရ ယနေ့နံနက်၇နာရီခွဲခန့်တွင် ၁၁၁ လမ်း နှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေစစ်ဆေးဆောင်ရွက်သည်
Jun 23, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား လက်နက်ကိုင် အကြမ်းဖက် PDF အဖွဲ့သို့ ထောက်ပံ့မည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jun 23, 2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လုယက်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင် လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်ကိုင်ဆောင်သော လက်နက်အား လုယူခဲ့ရာမှ ကျည်ပေါက်ထွက်မှုဖြစ်ပွားပြီး လုယက်မှုကျူးလွန်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
Jun 23, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုအား စစ်ဆေးရန် လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်သူ အမျိုးသား ၆ ဦးအား တူမီးသေနတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jun 23, 2021
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် အကြမ်းဖက်လုပ်ဆောင်နေသူများ၊ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိသည်။
Jun 23, 2021
ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ ခါနန်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိစဉ် တည်ငြိမ်အေးချမ်းမှုကို မလိုသည့် အကြမ်းဖက်သူများက နံနက် ၉ နာရီခွဲခန့်တွင် အဆိုပါကျောင်းရှိ နှစ်ထပ်ကျောင်းဆောင်၏ အရှေ့ လှေကား အောက်၌ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးဖြင့် ဆင်ခြေတုံတရားမဲ့စွာ ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
Jun 23, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်ခွဲ၊ အောင် ရွှေစင်လမ်း၊ အမှတ်(၆၄၁)နေအိမ်ရှိ ဦးစိန်မိုး မိသားစုအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးဟုဆိုကာ မတ် ၁၅ ရက်နေ့တွင် ဝေယံဝင်းမြင့်(ခ)ဝေယံ(ဘ)ဦးဝင်းမြင့် အပါအဝင်(၁၄)ဦး တို့သည် နေအိမ်အား မီးရှို့ဖျက်ဆီးခြင်း၊ ဦးစိန်မိုး၊ အောင်မိုးဟိန်း နှင့် ထင်ခန့်မိုးဟိန်းတို့အား ဓားများဖြင့် ဝိုင်းဝန်ထိုးသတ်ကာ လူသတ်မှုကျူးလွန် ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ခ)/၃၄ နှင့် ရာဇသတ်ကြီးပုဒ်မ-၄၃၆ တို့အရ ၎င်းတို့အား ဇွန် ၂၁ ရက်တွင် “ သေဒဏ်” အမိန့်ကိုလည်းကောင်း၊ အထက်ပါဖြစ်စဉ်တွင် သေဆုံးသူများ၏ ရုပ်အလောင်းများအား ငမိုးရိမ်ချောင်း အတွင်းသို့ ပစ်ချဖျောက်ဖျက်ရန်စေရန် အားပေးကူညီခဲ့သည့် စန်းဦး(ခ)ကုလားကြီး (ဘ)ဦးကံမြင့် အား စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၂၀၁/၁၀၉ အရ ၎င်းအား ဇွန် ၂၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်” အမိန့်ကို လည်းကောင်း အသီးသီးချမှတ်လိုက်သည်။
Jun 23, 2021
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။