နေပြည်တော် ဇွန် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ ၂၀၂၁ ခုနှစ် မိုးရာသီ MRTV - ညွှန်ကြား ရေးမှူးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ယနေ့ညနေက နေပြည်တော် - တပ်ကုန်းရှိ MRTဘောလုံးကစား ကွင်း၌ ကျင်းပသည်။ “ ဗိုလ်လုပွဲတွင် မြန်မာ့အသံနှင့်ဦးရဲနိုင်နှင့် တက်ရောက်အားပေးကြသော တပ်ကုန်း မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုချီးမြှင့်ပေးကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ ၂၀၂၁ ခုနှစ် မိုးရာသီဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် ခြောက်သင်းဖြင့် ဇွန် ၁၂ ရက်မှ စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲမှ ထူးချွန်သူများကို ရွေးချယ်စုဖွဲ့ ကာ ပြန်ကြားရေးဝန်ကြီးဌာန ဘောလုံး ပြိုင်ပွဲသို့ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်