နေပြည်တော် ဇွန် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် ဇွန် ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီး မြို့သစ်၊ တောင်တွင်းကြီး၊ မင်းလှ၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ဆိပ်ဖြူနှင့် ချောက်မြို့နယ်တို့ရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများကို ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ ထို့ပြင် မင်းဘူးမြို့ရှိ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဇွန် ၁၉ ရက်တွင် ချောက်မြို့နယ်ရှိရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး မန္တလေး တိုင်းဒေသကြီး ညောင်ဦး၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ပေါက်၊ မြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်နှင့် မုံရွာမြို့နယ် တို့ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများကို ကြည့်ရှု စစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ထို့ပြင် ပခုက္ကူမြို့ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် မုံရွာမြို့ရှိ ကိုယ်ပွားသတင်း စာတိုက်(မုံရွာ)ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ။
ဒုတိယဝန်ကြီး ဦးရဲတင့်က ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် မိမိအလုပ်ကို ချစ်မြတ်နိုးတန်ဖိုးထားရန်၊ ဌာန၏ စွမ်းဆောင်ရည်မြင့်မားစေရေးကို အလေးထားရန်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကိစ္စများတွင် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်အစိုးရ က ထုတ်ပြန် ထားသော မူဝါဒများ ပြန်လည်ဖြန့်ဝေ နိုင်ရေး ဆောင်ရွက်ရန် စသည်ဖြင့် ဆွေးနွေးမှာကြား ပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)