နေပြည်တော် ဇွန် ၂၁
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအတွက် အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေး သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပသည်။
နားလည်ကျွမ်းကျင်စေရန်ရည်ရွယ်
ရှေးဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ယခုဖွင့်လှစ်သည့်သင်တန်းသည်နိုင်ငံတစ်ဝန်းရှိ ဒေသဆိုင်ရာအုပ်ချုပ်ရေးအတွက်ကျောရိုးဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်း များ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည် ချက်၊ ပိုမိုကောင်းမွန်လာစေရန်၊ ဝန်ထမ်းများအတွက် ပြဋ္ဌာန်း ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည် ကျွမ်းကျင် စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါ ကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များသည် ခေတ်အဆက်ဆက် နိုင်ငံ့အုပ်ချုပ်ရေး မဏ္ဍိုင်အတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင်ခဲ့ကြပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတာဝန်နှင့် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးကို အဓိကတာဝန် ယူဆောင်ရွက်ကြရပြီး ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှာလည်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အနီးကပ် ကြီးကြပ်မှုအောက်တွင် ရှိပါကြောင်း။ ။
အဂတိကင်းစွာ ဆောင်ရွက်ကြရမည်
မြေယာစီမံခန့်ခွဲရေး၊ ယစ်မျိုးစီမံခန့်ခွဲရေး၊ အခွန် လေးမျိုးကောက်ခံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာလုပ်ငန်း၊ အသင်းအဖွဲ့ မှတ်ပုံတင်ရေးဆိုင်ရာလုပ်ငန်း စသည်တို့ကိုဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ဆောင်မှု လုပ်ငန်းတိုင်း သည် ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့ဆက်ဆံရသဖြင့် နိုင်ငံတော်၏ မူဝါဒ၊ အခြေခံ သဘောတရား များနှင့်ကိုက်ညီရေးလုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေးအတွက် ဌာန၏ ဆောင်ပုဒ်နှင့်အညီ ဂရုပြုဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်း တာဝန် ထမ်းဆောင်ရာတွင်လည်း မှန်ကန်သည့် စိတ်ဓာတ်၊ မြင့်မားသည့် ခံယူချက် များနှင့် အဂတိကင်းစွာ ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ရက်သတ္တ ၁၀ ပတ် ကြာမြင့်မည် အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် သတ်မှတ်ထားသော စည်းကမ်း များနှင့်အညီ ဖွင့်လှစ်ခြင်းဖြစ်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား ၁၄၉ ဦး၊ သင်တန်းသူ ၁၀၀ စုစုပေါင်း ၂၄၉ ဦးတို့တက်ရောက် ကြပြီး သင်တန်းကာလမှာ ဇွန် ၂၁ ရက်မှ သြဂုတ် ၂၇ ရက်အထိ ရက်သတ္တ ၁၀ ပတ် ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်