၁။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (CoVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါအတိုင်း ဖွင့်လှစ်ထားပါသည်-
(က) ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ(နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)။ ၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ် ၃၃၈ ဘီလီယံခန့်နှင့်ညီမျှသော အမေရိကန် ဒေါ်လာသန်း ၂၅၀ ကို ထည့်သွင်း ထားပါသည်။
(ခ) ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ(မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733)။ ၎င်းစာရင်းတွင် နိုင်ငံတော်မှမတည်ရန်ပုံငွေ ကျပ်သန်း ၁,၀၀၀ ကို ထည့်သွင်း ထားပါသည်။
၂။ သို့ဖြစ်ပါ၍ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)သို့ မည်သည့် နိုင်ငံခြားငွေအမျိုး အစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733)သို့ မြန်မာကျပ်ငွေဖြင့် လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၃။ လှူဒါန်းသူများအနေဖြင့် ပြည်တွင်းနေရာဒေသအသီးသီးရှိ မြန်မာ့စီးပွားရေး ဘဏ်၊ ဘဏ်ခွဲများနှင့် အခြားပြည်တွင်းပုဂ္ဂလိကဘဏ်အသီးသီးတို့တွင် အထက် အပိုဒ် ၁ (က)နှင့် (ခ)ပါ ငွေစာရင်းအမှတ်များကို ဖော်ပြလှူဒါန်းနိုင်ပါသည်။
၄။ အလှူရှင်စာရင်းကို မှတ်တမ်းထားရှိနိုင်ရန်အတွက်လှူဒါန်းသူများအနေဖြင့် အလှူရှင် အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို ပြည့်စုံစွာဖော်ပြပေးပါရန်နှင့် email: treasury05@ 365mopf.gov. mm,treasury10@365mopf.gov.mm သို့ အလှူငွေပေးသွင်းထားသည့် အထောက်အထားများကို ပေးပို့စေလိုပါသည်။
၅။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်း မေးမြန်း လှူဒါန်း နိုင်ပါသည်။
ညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၁၀၁၅၆
ငွေတိုက်ဦးစီးဌာန ၀၉-၄၅၀၄၅၅၂၃၇
ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၀၆၇-၃၄၁၀၁၅၈
ငွေတိုက်ဦးစီးဌာန ၀၉-၂၅၄၅၅၈၄၂၄
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန