နေပြည်တော် ဇူလိုင် ၃၀ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ကန့်ဘလူ မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၂ မိုင်အကွာ တွင် အနက် ၁ဝ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၆ ဒသမ ၃ အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည့် အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ငလျင်ရိုက်ခတ်မှုဒဏ်ကြောင့် ဌာနမှ ထိန်းသိမ်း ထားသော ရေလှောင်တမံနှင့် ဆက်စပ် ရေအားအဆောက်အအုံများ ထိခိုက်မှုရှိ/ မရှိ ချက်ချင်း ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ မြေငလျင် အဓိက လှုပ်ခတ်ခဲ့သည့်နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူဒေသဖြစ်သော် လည်း ငလျင်ပြတ်ရွေ့ကြောများ ဆက်စက်မှုအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ရာတွင် ဆည်တမံများနှင့် ရေအားလျှပ်စစ်အဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း သိရသည်။ အထူးသဖြင့် ငလျင်လှုပ်ခတ်မှုနှင့် အနီးဆုံး ဖြစ်သည့် သဖန်းဆိပ်ရေလှောင်တမံကို အထူး ဂရုစိုက်၍ မျက်မြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ တမံကိုယ်ထည်၊ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ရေအားလျှပ်စစ် စက်ရုံများအပါအဝင် ရေအားအဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း သိရသည်။ သဖန်းဆိပ်ရေလှောင်တမံကြီးသည် အမြင့် ၁၀၈ ပေရှိကာ အလျား ၂၂၅၈၇ ပေရှိပြီး အရှေ့တောင်အာရှတွင် ရှည်လျားဆုံးတမံဖြစ်သည်။ ရေပြည့် သိုလှောင်ပမာဏ ၂၈ သိန်းခန့် သိုလှောင်ထားနိုင်ကာ စိုက်ပျိုးမြေဧက ငါးသိန်းခန့် ရေပေးဝေနိုင်သည့်အပြင် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၃၀ ကိုလည်းထုတ်လွှတ်ပေးလျက်ရှိသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် ရေလှောင်တမံများ ဘေးကင်းလုံခြုံမှု ရှိစေရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် လျက်ရှိပြီး မိုးရာသီ မတိုင်မီအချိန်မှစ၍ တမံစစ်ဆေး ရေးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီး အရေးကြီးသော တမံများကို ကွင်းဆင်းစစ်ဆေးကာ တွေ့ရှိရသည့် အားနည်းချက်များကို အချိန်မီပြုပြင်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် အရေးပေါ်အခြေအနေ့ ဖြစ်ပေါ်လာပါက ရေလှောင်တမံအောက်ဘက်ရှိ မြို့ပြ၊ ကျေးရွာနေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုလျော့ပါးစေရေးကို အထောက်အကူ ပြုနိုင်ရန်အတွက် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက် (Emergency Preparedness Plan-EPP) & တမံတစ်ခုချင်းစီအလိုက်ရေးဆွဲကာ EPP ပါ လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်လျက် ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။ သတင်းစဉ်