နေပြည်တော် ဇူလိုင် ၃၀ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ကြီးဌာနပေါင်းစုံမှ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန် ကျန်ရှိသည့် ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရ | ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinopharm) ကို ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။ ဦးစားပေးအစီအစဉ်အတိုင်းထိုးနှံပေး ကိုဗစ် -၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံ ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က “ ကာကွယ် ဆေးထိုးဖို့လာရင် အရင်ဆုံး Registration လုပ်ရပါတယ်။ ဝန်ကြီးဌာနတွေကလည်း ကြိုပြီးတော့ အမည်စာရင်းတွေ ပို့ထားတဲ့အတွက် ကာကွယ် ဆေးထိုးမှတ်တမ်းစာအုပ်ကို ထုတ်ပေးပါတယ်။ ဒီနေ့တော့ နေပြည်တော်မှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးဖို့ကျန်တဲ့ ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ နေပြည်တော်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းတွေ ကို ကာကွယ်ဆေးထိုးပေး တာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဦးစားပေး အစီအစဉ်အတိုင်း အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးတာ ဖြစ်ပါတယ်။ ဒီနေ့ထိုးတာ ကတော့ နေပြည်တော်အဆင့် ဝန်ထမ်းတွေတော်တော်များများ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ၂၇ ရက် နဲ့ ၂၈ ရက်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် မထိုးဖြစ်တဲ့ ဝန်ထမ်းတွေလည်း ဒီနေ့လောက် ထိုးနှံကြပါတယ်” ဟု ပြောသည်။ ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinophamm) မထိုးမီ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးထဲတွင် ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် အပူချိန်တိုင်းတာခြင်းတို့ကို ဦးဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ ပုံမှန်ဖြစ်မှသော ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများလိုအပ်ပါက သမားတော်အဖွဲ့ဖြင့် ကုသပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က “အရင်က ထိုးပေးခဲ့တဲ့ ကိုဗစ်၁၉ ကာကွယ်ဆေး (COVISHIELD)တုန်းကတော့ ဆေးတစ်လုံးကို ၁၀ ဦးထိုးရတာပါ။ အခုထိုးတဲ့ကွယ်ဆေး (Sinopharm)ကတော့ ဆေးတစ်လုံးကို တစ်ဦးပဲထိုးရတဲ့ ဆေးဖြစ်ပါ တယ်။ ကာကွယ်ဆေး ထိုးပြီးပြီဆိုပေမယ့် ကာကွယ်ဆေး တစ်ခုတည်းကို အားကိုးနေလို့ မရပါဘူး။ Sodal Distancing နေထိုင်ခြင်း၊ Mask တပ်ခြင်းနဲ့ လက်ဆေးခြင်း တွေကို ဆက်လက်လုပ်ဆောင် သွားရမှာပါ။ အခုထိုးတဲ့ ကာကွယ်ဆေးကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားဖြစ်တာ မတွေ့သေးပါဘူး။ နောက်ထပ်လည်း ကာကွယ်ဆေး တွေ ထပ်ရောက်ဖို့ရှိပါတယ်။ ကာကွယ်ဆေးတွေ ထပ်ရောက်လာလို့ရှိရင်လည်း ရောက်ရှိလာတဲ့ ကာကွယ်ဆေးအရေအတွက်ပေါ် မူတည်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဦးစားပေး အစီအစဉ်အတိုင်း ဆက်လက်ဆေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ကာကွယ်ဆေးထိုးနှံပြီးနောက် ပြဿနာ၊ အန္တရာယ် တစ်စုံတစ်ရာရှိ၊ မရှိ သိရှိနိုင်ရန် နာရီဝက်စောင့်ကြည့် ပြီးမှသာ ပြန်လည်ထွက်ခွာ ခွင့်ပြုကြောင်း နှင့် ဆေးထိုးပြီး ၂၄ နာရီအတွင်း တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ချင်းသတင်းပေးပို့ အကြောင်းကြားနိုင်ရန်ဆောင်ရွက်ထားကြေဝင်း သိရသည်။ ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက “အခု ကာကွယ်ဆေးထိုး ရမယ့်နေရာကိုက်တော့ အရင်ဆုံးနာမည်စာရင်း ပေးလိုက်တယ်။ ကျန်းမာရေးဝန်ထမ်းတွေက အဆင့်သင့်လုပ်ထားတဲ့ ဆေးထိုးဖို့ ကတ်ပြားလေး ပေးပါတယ်။ သွေးတွင်း အောက်ဆီဂျင် တိုင်းတယ်။ ဆေးမထိုးခင်ဘရောဂါ ဖြစ်ဖူးသလဲဓာတ်မတည့်တဲ့ ဆေးတွေရှိသလား၊ ဆီးချို သွေးချိုရှိသလား သွေးတိုးရှိသလား၊ ကျန်းမာရေးအရ နေ့စဉ်သောက်နေရတဲ့ ဆေးတွေရှိသလား စတာတွေ မေးမြန်းထားတဲ့ စာရွက်ကိုဖြည့်စွက်ရတယ်။ သွေးပေါင်ချိန် မမှန်သေး တဲ့သူဆိုရင် ခဏစောင့်ခိုင်းပြီး သွေးပေါင်ချိန် ပြန်တိုင်းပါတယ်။ သွေးပေါင်ချိန် ပုံမှန်ဖြစ်တဲ့သူတွေ ကိုတော့ ချက်ချင်းထိုးပေးပါတယ်။ ဆေးထိုးတဲ့ အချိန်မှာ နာကျင်မှုမရှိပါဘူး။ ကာကွယ်ဆေးထိုးပြီးတဲ့ အချိန်မှာလည်း တခြားခံစားရတာမျိုး မရှိပါဘူး။ ကျွန်မအနေနဲ့ အခုလို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားနေတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးခွင့်ရလို့ ဝမ်းသာပါတယ်။ ကာကွယ်ဆေး မထိုးရသေးတဲ့ ပြည်သူတွေအနေနဲ့လည်း ကာကွယ်ဆေးထိုးနှံဖို့အခွင့်အရေးရပြီဆိုရင် မပျက်မကွက် ကာကွယ်ဆေး လာရောက်ထိုးနှံဖို့ တိုက်တွန်းချင်ပါတယ်” ဟုပြော သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသည့်နေရာများ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကာကွယ်ဆေးထိုးနှံမည့် ပြည်သူလူထု သိရှိထားရမည့် အချက်များကို ကာကွယ်ဆေးလာရက်ထိုးနှံသူများ မြင်သာသည့် နေရာများတွင် ချိတ်ဆွဲကြေညာထား သည်ကိုလည်း တွေ့ရသည်။ လေးဖွဲ့ခွဲ၍ ထိုးနှံပေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ရာ ယနေ့တွင် ပြည်ထောင်စုအဆင့် ဝန်ထမ်း နှင့် နေပြည်တော်အဆင့်ဝန်ထမ်းဦးရေ စုစုပေါင်း ၂၄ဝ ကျော်ကို နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ( ခုတင်-၁၀၀၀)တို့မှ ဆရာဝန်များနှင့် သူနာပြုများက အဖွဲ့ လေးဖွဲ့ခွဲ၍ ထိုးနှံပေးခြင်းဖြစ် ကြောင်း သိရသည်။ သတင်း-ဟိန်းမင်းစိုး ဓာတ်ပုံ-ကိုအေးသန်း