Skip to main content

နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် ဇူလိုင် ၃၀

 

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်း ၁၆၁ဦးကိုလည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ နှင့် ကွတ်ခိုင်မြို့နယ် တို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များနှင့် ပြည်သူ စုစုပေါင်း ၃၂၇ ဦး ကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့၊ ကလောမြို့၊ ပင်းတယမြို့၊ နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့ရှိ အသက် ၆၅ နှစ် နှင့်အထက် ပြည်သူ ၁၇၀၈ ဦးကို လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ (အပေါ်ပုံ)၊ မိုင်းခတ်မြို့နယ်နှင့် မိုင်းပျဉ်း မြို့နယ်များရှိ ပြည်သူစုစုပေါင်း ၁၇၉၀ ကိုလည်းကောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ အသက် ၆၅ နှစ်နှင့် အထက် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၆၀၀၀ နှင့် အကျဉ်းသား အကျဉ်းသူ ၁၈၄ ဦး တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် မှော်ဘီ မြို့နယ်များရှိ အသက် ၆၅ နှစ်နှင့် အထက်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၅၂ ဦးတို့ ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ လေးမျက်နှာ မြို့၊ ဘိုကလေးမြို့၊ ဓနုဖြူမြို့ ဒေးဒရဲမြို့၊ အင်္ဂပူမြို့၊ ကန်ကြီး ထောင့်မြို့၊ လပွတ္တာမြို့ မြန်အောင်မြို့၊ မအူပင်မြို့ မော်လမြိုင်ကျွန်းမြို့၊ မြောင်းမြမြို့ ဖျာပုံမြို့၊ သာပေါင်းမြို့၊ ဝါးခယ်မ မြို့၊ ဇလွန်မြို့၊ အိမ်မဲမြို့၊ ရေကြည်မြို့နှင့် ကျိုက်လတ်မြို့များရှိ အသက် ၆၅ နှစ်နှင့် အထက် သံဃာတော်များနှင့် ပြည်သူ စုစုပေါင်း ၁၀၀၀၀ တို့ကိုလည်းကောင်း၊ ချင်းပြည်နယ် ဟားခါး မြို့ရှိ အသက် ၆၅ နှစ်နှင့်အထက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၂၇၃ ဦးတို့ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး ရေတာရှည်မြို့၊ တန်းတပင် မြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ ပန်းတောင်းမြို့၊ထုံးဘိုမြို့၊ ပေါက်ခေါင်းမြို့၊ ပေါင်းတည်မြို့၊ ဇီးကုန်းမြို့၊ နတ်တလင်းမြို့၊ အုတ်ဖိုမြို့နှင့် မိုးညိုမြို့များရှိ အသက် ၆၅ နှစ် နှင့်အထက် သံဃာတော်များ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၄၂၀၆ ဦး တို့ကိုလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေး ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်