Aug 04, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ/အဖွဲ့အစည်းများနှင့် ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ဥပဒေ (မူကြမ်း) အား အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များအပေါ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Online ဖြင့်ကျင်းပသည်။
Aug 04, 2021
ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ သင်တန်းကို ဩဂုတ် ၂ ရက်တွင် စက်မှုဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Aug 04, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဒုတိယ အကြိမ်မြောက် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဝန်ကြီးများအစည်းအဝေး(Second Mekong-U.S. Partnership Ministerial Meeting) သို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
Aug 04, 2021
တိုင်းဒေသကြီး၊ ပြည်နယ်ဒေသအသီးသီး၏ မတူညီသော ရေမြေရာသီဥတုအခြေအနေများကို အကျိုးရှိ ထိရောက်စွာ အသုံးပြု၍ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ အမယ်စုံလင်စွာ တိုးတက် ထုတ်လုပ် ပေးနိုင်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေးသာမက အာဟာရဓာတ်ပြည့်ဝရေးကို အထူးအာရုံစိုက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ယနေ့ နံနက်ပိုင်းက ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။
Aug 04, 2021
နိုင်ငံခြားငွေလဲလှယ်နှုန်း တည် ငြိမ်ရေးအတွက် နိုင်ငံခြားငွေလဲ လှယ်နှုန်း သတ်မှတ်ခြင်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် အစည်း အဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
Aug 04, 2021
မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုများဆောင်ရွက် ပေးရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ပေးပို့လာသော အဆိုပြုချက်(မူကြမ်း)နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန အတွင်း ဆွေးနွေးညှိနှိုင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ Online စနစ်ဖြင့် ကျင်းပသည်။
Aug 04, 2021
ပြန်ကြားရေးဝန်ကြီးဌာနမှဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက် များကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင် အုန်းအား ရှင်းလင်းတင်ပြခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Aug 04, 2021
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း အရွယ်ရောက်သူတိုင်း သိကြသည်။ ဆေးလိပ်သောက်နေ သူများ ကိုယ်တိုင်သည်ပင် သိသော်ငြား မလျှော့နိုင်၊ မဖြတ် နိုင်ကြ။ လတ်တလောတွင် ကျန်းမာရေးကိုသိသိသာသာထိခိုက်နေစေသည့် လက္ခဏာများ လည်း မခံစားရသေးသည့်အတွက် နောင်ခါလာ နောင်လာဈေး သဘောထားကာ သောက် လက်စကို ဆက်သောက် ကြသည်။
Aug 04, 2021
“အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် မိမိတို့နိုင်ငံသည် ကူးစက်မှုနှုန်း ပဉ္စမအများဆုံး ဖြစ်ပြီး သေဆုံးမှုနှုန်းအနေဖြင့် တတိယအများဆုံးဖြစ်ကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး အားနည်းချက်ရှိနေသည်ကို ဖော်ပြနေ ခြင်းဖြစ်ကြောင်း၊ ပြည်သူ များအနေဖြင့် ကျန်းမာရေးအသိများ အားနည်းခြင်းနှင့် ပင်ကိုအရ ကျန်းမာရေး အားနည်း ချက်များရှိခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏မျှော်မှန်းသက်တမ်းသည်၆၇ ဒသမ ၇၈နှစ် သာရှိသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ ကိုဗစ်ရောဂါကူးစက်မှု ကြောင့်မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ ကျန်းမာရေးမြှင့်တင်ရန် လိုအပ်နေခြင်းဖြစ်သည်ကို တွေ့ရှိ ရကြောင်း၊ တစ်နိုင်ငံလုံး ကျန်းမာရေးမြှင့်တင်ရေးသည် ရေရှည်မျှော်တွေး၍ မဖြစ်မနေ ဆောင် ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း” ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။