နေပြည်တော် ဩဂုတ် ၃
မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုများဆောင်ရွက် ပေးရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ပေးပို့လာသော အဆိုပြုချက်(မူကြမ်း)နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန အတွင်း ဆွေးနွေးညှိနှိုင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ Online စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံခေါင်းဆောင်များဆွေးနွေး သဘောတူညီ ခဲ့ကြသည့် အချက်(၅)ချက်အနက် နံပါတ်(၄)အချက် ဖြစ်သည့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ASEAN Humanitarian Assistance and Coordination Center for Disaster Management-AHA Center က တစ်ဆင့် ပေးအပ်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း ၍ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးမှာ အရေး
ကြီးပါကြောင်း၊ ယခုအာဆီယံအတွင်းရေးမှူးချုပ်ရုံး က ပေးပို့လာသည့် အဆိုပြုချက မူကြမ်းတွင် ပါဝင်သည့် ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ဆေး၊ အခြားဆေးပစ္စည်းများနှင့်လူသားချင်းစာနာထောက်ထားမှု အကူအညီများ မြန်မာနိုင်ငံသို့ ပံ့ပိုးပေးအပ်မည့် အစီအစဉ်သည် မိမိတို့နိုင်ငံအတွက် အကျိုးရှိမည့် အဆိုပြုချက် တစ်ခုဖြစ်ပါကြောင်း၊ သို့သော် လုပ်ငန်း များ မြန်ဆန်စွာနှင့် စနစ်တကျ အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရန်မှာ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီး ဌာနများ ပူးပေါင်း ဆောင်ရွက်ကြ ရမည်ဖြစ်ပါ
ကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရသည့်အချိန် တွင် ပိုမိုထိရောက်မှုရှိစေရေးအတွက် နည်းပညာ ဆိုင်ရာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ် ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုပစ္စည်း များထောက်ပံ့ရေးနှင့် စပ်လျဉ်း၍လည်း တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက်ဖြစ်ပွားသော သဘာဝဘေး ဖြစ်စဉ်များတွင် ဘေးသတင်းများ အချိန်မီရရှိရေး သည် အရေးကြီးပါကြောင်း၊ သို့မှသာ ဘေးသင့် ပြည်သူများသို့ လူသားချင်းစာနာထောက်ပံ့မှု ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးပေး အပ်နိုင်မည်ဖြစ်ပါကြောင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဆွေးနွေးပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အာဆီယံအတွင်းရေးမှူးချုပ်ရုံးက လျာထားရေးဆွဲ ထားသည့်လူသားချင်းစာနာထောက်ထားမှုလုပ်ငန်း များ ဆောင်ရွက်မည့် အစီအစဉ် (မူကြမ်း)ကို Power pointဖြင့် ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က တင်ပြချက်နှင့်စပ်လျဉ်း၍ လိုအပ်သည်များ ထပ်မံ ဖြည့်စွက် ဆွေးနွေးသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း | အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ် သည့် လမ်းညွှန်ချက်ချမှတ်ပေးပြီး ပိုမိုကောင်းမွန် ထိရောက်မည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ် နိုင်သည့်လုပ်ငန်းစဉ်များ၊ ထပ်မံညှိနှိုင်းပြင်ဆင် သင့်သည့်အချက်များ၊ မူဝါဒလမ်းညွှန်ချက်များရယူ နိုင်ရေးအတွက် တာဝန်ရှိဌာနအဆင့်ဆင့်သို့ ဆက်လက်တင်ပြသင့်သည့်အချက်များကို ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်