Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြ

 

နေပြည်တော် ဩဂုတ် ၃

ပြန်ကြားရေးဝန်ကြီးဌာနမှဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက် များကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင် အုန်းအား ရှင်းလင်းတင်ပြခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

ရှင်းလင်းတင်ပြပွဲသို့ ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ယခုကာလသည် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ပြင်းထန် နေချိန်ဖြစ်သည့်အတွက် ရုံးရက်ရှည်ပိတ်ထားသော်လည်း လုပ်ငန်း များ လစ်ဟာမှုမရှိစေရေးနှင့် လက်ရှိလုပ်ငန်းများကို ကိုဗစ် - ၁၉ ကာကွယ်တားဆီးရေး ဆိုင်ရာ အစီအမံများနှင့်အညီ အရှိန် အဟုန်မပျက် ဆက်လက်ဆောင် ရွက်ကြရန်လိုကြောင်း၊ အိမ်စောင့် အစိုးရ စတင်တာဝန်ထမ်းဆောင် သည့်ကာလတွင် ပြန်ကြားရေး ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများ သည် မူဝါဒကို ပြောင်းလဲခြင်း မဟုတ်ဘဲ တင်ဆက်ပုံများကို ပိုမို ဆန်းသစ်အောင် ပြောင်းလဲ ဖန်တီးရမည် ဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် အနေအထား အပြင် အိမ်စောင့်အစိုးရ၊ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် တင်ဆက်မှု၊ ဆောင်ရွက်မှုများကို စဉ်းစားသုံးသပ်ဆွေးနွေးပေးကြ စေလိုပါကြောင်း။

မူဝါဒကို ထိန်းထား

မီဒီယာဖြစ်သည့်အတွက် အချိန်ဆိုင်း၍ မရပါကြောင်း၊ အချို့ ကိစ္စများသည် သွက်သွက် လက်လက် မြန်မြန်ဆန်ဆန်ဆောင်ရွက်ရမည်၊ မြန်ရမည်။ မှန်ရမည် ဖြစ်ပါကြောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနသည် နိုင်ငံတော်အဆင့် ဌာနတစ်ခုဖြစ်ဝန်ထမ်းကိစ္စ၊မူဘောင်ကိစ္စများ ကို ယခင်အတိုင်း ဆောင်ရွက်ရမည်ဖြစ်သော်လည်း ပြောင်းလဲ၍ ရသည်များကို ပြောင်းလဲမည် ဖြစ်ပါကြောင်း၊ မူဝါဒကို ထိန်းထား ရမည်ဖြစ်သကဲ့သို့ တစ်ဖက်က လည်း ဖျော်ဖြေမှုအသွင်ဖြင့် ပေါင်းစပ်ရမည်ဖြစ်ပါကြောင်း။

လက်တွဲဆောင်ရွက် ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာကဏ္ဍအနေဖြင့် ခိုင်ခိုင် မာမာ မှန်မှန် ကန်ကန် သတင်းများဖော်ပြ၍ နိုင်ငံတော်၏ ရည်မှန်း ချက်ကို အောင်မြင်အောင် ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ အလားတူ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် ပေါင်းစပ် ညှိနှိုင်းကာ လက်တွဲဆောင်ရွက် ခြင်းဖြင့် အနာဂတ်နိုင်ငံတော် အတွက် အထောက်အကူဖြစ် မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပိုမိုဆန်းသစ်သည့် ပြောင်းလဲမှုများ ဖြင့် ဆောင်ရွက်လိုသည့် အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ပြန်ကြားရေးဝန်ကြီး ဌာနအောက်ရှိ မီဒီယာများ အနေဖြင့် အသိပညာပေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေ များနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြသည်။ ။

ယင်းနောက် အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးတို့ကဌာနအလိုက် လုပ်ငန်းဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြကြ သည်။

ပေါင်းစပ်ညှိနှိုင်း

ထို့နောက် တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကားပြောကြား သည်။

သတင်းစဉ်