နေပြည်တော် ဩဂုတ် ၃
နိုင်ငံခြားငွေလဲလှယ်နှုန်း တည် ငြိမ်ရေးအတွက် နိုင်ငံခြားငွေလဲ လှယ်နှုန်း သတ်မှတ်ခြင်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် အစည်း အဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း (A.D) လိုင်စင်ရဘဏ်များမှ အကြီး တန်းအရာရှိများနှင့် ပြည်တွင်း ဘဏ်၂၄ဘဏ်နှင့် နိုင်ငံခြားဘဏ် ၂၀၊ စုစုပေါင်း ၄၄ ဘဏ် တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံခြား ငွေဈေးနှုန်း မြင့်မားလာမှုအား ဘဏ်များက ဝိုင်းဝန်းထိန်းသိမ်း ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ သို့သော် ဈေးနှုန်းများ မြင့်မားလာ ဆဲဖြစ်သည်ကို တွေ့ရ ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်မားမှုသည် နိုင်ငံတော်၏ နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး တည်ငြိမ်မှုကို ထိခိုက်စေနိုင်သည့်အတွက် လွန်စွာ အရေးကြီးပါကြောင်း၊ ကိုဗစ်- ၁၉ ဖြစ်ပွားမှုအချိန်တွင် အခြားကုန်စည်ဈေးနှုန်း မြင့်မားမှု မဖြစ်ပေါ်စေရေးနှင့် ဖြစ်သင့်သော ဈေးနှုန်းတစ်ခုတွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်မှုရှိစေရေး ဘဏ်များက နိုင်ငံခြားငွေ ရောင်းဝယ်မှုကို ကန့်သတ်ချက်အတွင်းသာ ရောင်းဝယ်ရန်နှင့် မဖြစ်မနေ ဝယ်ယူရမည့် ကျန်းမာရေးနှင့် ဆိုင်သည့် ကိစ္စရပ်များအတွက် နိုင်ငံခြားငွေအသုံးပြုရန် လိုအပ် လာပါက မြန်မာနိုင်ငံတော်ဗဟို ဘဏ်သို့တင်ပြရန်နှင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေလိုအပ်ချက်အား အထိုက် အလျောက် ဖြည့်တင်းပေးနိုင်ရန် Special Auction cauza A.D ဘဏ်များသို့ နိုင်ငံခြားငွေများ ရောင်းချ ပေးခဲ့ပြီး ရောင်းချပေးခဲ့ သော နိုင်ငံခြားငွေလဲလှယ်နှုန်းအား ရည်ညွှန်းငွေလဲလှယ်နှုန်း အဖြစ် သတ်မှတ်ကြေညာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယခင်ကျင့်သုံး လျက်ရှိ သော ဈေးကွက်အခြေခံ သည့် ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ခြင်း အစား Auction ခေါ်ယူ၍ ရောင်းချသောဈေးနှုန်း ကိုသာ ရည်ညွှန်းငွေလဲလှယ် နှုန်းအဖြစ် ကြေညာမည်ဖြစ်ပါ ကြောင်း။ ။
ယခင်က နိုင်ငံခြားငွေ ဝယ် ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းများဆောင်ရွက်ရာတွင် ရောင်းဈေး နှုန်းနှင့် ဝယ်ဈေးနှုန်းအကြား ကွာဟချက် (Spread) အား ၁ ရာခိုင်နှုန်းထက် မပိုစေဘဲ သတ်မှတ် ဆောင်ရွက်ခြင်းအစား ရည်ညွှန်းငွေလဲလှယ်နှုန်းအား Mid rate အဖြစ် သတ်မှတ်၍ + ၀ဒသမ၈ ရာခိုင်နှုန်း ဘောင် အတွင်းသာ ရောင်းဝယ်မှုပြုရန် ညွှန်ကြားချက် ပြင်ဆင်ထုတ်ပြန် မည်ဖြစ်ကြောင်း၊ ဘဏ်များက စည်းကမ်းတကျနှင့် ညီညွတ်စွာ သတ်မှတ်ဘောင်အတွင်း ဆောင် ရွက်မည်ဆိုပါက နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်မားခြင်းကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားနေချိန်တွင် ဒေါ်လာဈေးနှုန်း မြင့်မားမှုကြောင့် အခြားကုန်စည်ဈေးနှုန်းများ မြင့်မား လာပါက ပြည်သူလူထုအတွက် များစွာထိခိုက် နစ်နာမည် ဖြစ်သည့်အတွက် တာဝန် တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ထုတ်ပြန်မည့် ညွှန်ကြားချက်အပေါ် အကြံပြုဆွေးနွေးကြရန် ဆွေးနွေး ဖိတ်ခေါ်ခဲ့ရာ ဘဏ် အသီးသီး ကမြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်မည့် ညွှန်ကြား ချက်အားလိုက်နာ မည် ဖြစ်ကြောင်း နှင့် ဝိုင်းဝန်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေး ညှိနှိုင်း ခဲ့ကြသည်။
သတင်းစဉ်