နေပြည်တော် ဩဂုတ် ၃
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဒုတိယ အကြိမ်မြောက် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဝန်ကြီးများအစည်းအဝေး(Second Mekong-U.S. Partnership Ministerial Meeting) သို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံ ခြားရေးဝန်ကြီး Mr. Prak Sokhonn နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mr. Antony J. Blinken တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး Mekong-U.S. Partnership ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြား ရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြ သည်။
သုံးသပ်ဆွေးနွေးခဲ့
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက အမေရိကန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများအား ထူထောင်ခဲ့သည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ (၁)နှစ် တာ ကာလအတွင်း တိုးတက်အောင်မြင်မှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်မှ အနာဂတ်ကာလ မဲခေါင်ဒေသခွဲ၏ စဉ်ဆက် မပြတ်ဖွံ့ဖြိုး တိုးတက်မှုနှင့် သာယာဝပြောမှုတို့အပေါ် အကျိုးပြုနိုင်မည့် ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်နိုင်ငံမှ မဲခေါင်နိုင်ငံများသို့ ကိုဗစ်၁၉ ဆိုင်ရာ ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်အသိအမှတ် ပြုကြောင်းနှင့် မြန်မာနိုင်ငံ၌ ပြည်သူများ၏အသက်အန္တရာယ် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးအပါအဝင် အခြားထောက်ပံ့မှုများ ပိုမိုပေး အပ်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏အခြေခံမူများ ဖြစ်သော အားလုံးသဘောတူညီမှု၊ တန်းတူညီတူရှိမှုနှင့် ပြည်တွင်း ရေး ဝင်ရောက် စွက်ဖက်ခြင်းမရှိမှု စသည့်မူများအပေါ်အခြေခံ၍ အလုံးစုံပါဝင်သော စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုကာ မဲခေါင်ဒေသပြည်သူများ ကို အကူအညီများ ပိုမိုပေး အပ်သွားရန် ထည့်သွင်းပြောကြားသည်။ ထို့ပြင် ပညာရေး၊ လူငယ်၊ စွမ်းအားမြှင့်တင်မှု၊ စွမ်းအင်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် သွားမည့် အစီအစဉ်များပါဝင်သည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု၏ “လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၃)” ထုတ်ပြန်ခြင်းကို ကြိုဆိုကြောင်း ပြောကြားသည်။
ဦးစားပေး လုပ်ဆောင် ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏လုပ်ငန်းအစီအစဉ်သစ်ကို ထိရောက် စွာ အကောင် အထည်ဖော်ရာတွင် သတင်းအချက်အလက်မျှဝေမှု၏ အရေးပါမှုနှင့် ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးပြန်လည်ထူထောင် နိုင်ရေးတွက်အသေးစား၊အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ (MSMEs)၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေး လုပ်ဆောင် သွားရန်လည်း အကြံပြု ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမေရိကန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများ၏ အစိုးရ အရာရှိများအကြား တိုက်ရိုက်ဆက်သွယ်မှု တိုးမြှင့်နိုင်စေရန်ရည်ရွယ်သည့် မူဝါဒဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် ကျား၊ မတန်းတူရည်တူရှိမှုနှင့်အမျိုးသမီးများစွမ်းဆောင်ရည် မြှင့်တင် နိုင်မှုတို့ အတွက် မူဝါဒဆွေးနွေးပွဲများ ကျင်းပသွားလိုသည့် အမေရိကန် နိုင်ငံ၏ အဆိုပြုချက်များကို ထောက်ခံကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးမှ အဖွဲ့ဝင်နိုင်ငံများအတွက် သိသာထင်ရှား သည့် အကျိုးရလဒ် ဖော်ဆောင်နိုင်ရန် ရေးဆွဲထားသည့် မဲခေါင်အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ လုပ်ငန်း အစီအစဉ်(၂၀၂၁-၂၀၂၃)ကို အတည်ပြုထုတ်ပြန်ခဲ့သည်။
အနာဂတ် လိုအပ်ချက်များ ဖြည့်ဆည်း မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် အမေရိကန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများအကြား ဆောင်ရွက်ခဲ့ သည့် “မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်” ၏ အောင်မြင်မှုများအပေါ် အခြေပြုလျက် ဒေသတွင်း အားလုံး ပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အတွက် လက်ရှိနှင့် အနာဂတ် လိုအပ်ချက်များ ဖြည့်ဆည်းရန်နှင့် စိန်ခေါ်မှုများကို ဖြေရှင်း နိုင်ရန် ၂၀၂၀ ပြည့်နှစ်တွင် အဆင့်မြှင့်တင်ဖွဲ့စည်းခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်