Jan 27, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jan 27, 2025
အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်) ဇေယျာသီဟခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အကောက်ခွန်ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 27, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်တွင် ချုံချင့်မြူနီစီပယ်အစိုးရ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။
Jan 27, 2025
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်က ဆောင်ရွက်လျက်ရှိသည့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
Jan 27, 2025
၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် လာရောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ တည်းခိုနေထိုင်မည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားသောက်မည့်နေရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းရောင်းချမည့် ဆိုင်ခန်းနေရာများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ Cluster - 9 စားရိပ်သာရှိ ချက်ပြုတ်ပြင်ဆင်မည့်နေရာများနှင့် အသီးအရွက်သိုလှောင်ထားရှိမည့် အခန်းများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
Jan 27, 2025
(၇၇)ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၇)ပါးမြောက် ဘွဲ့တံဆိပ်တော်မြတ်ရရှိတော်မူသည့် ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၌ ကျင်းပသည်။
Jan 27, 2025
ယခုနှစ် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကို ယမန်နှစ်ကုန်ပိုင်းနှင့် ယခုနှစ် နှစ်ဦးအစတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါ သာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပနေကြောင်း သိရှိရပါသည်ဘုရား။
Jan 27, 2025
တရုတ်-မြန်မာနှစ်နိုင်ငံသည် ပထဝီမြေအနေအထားအရ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်နေသည်။ သမိုင်းမှတ်တမ်းများအရ ခရစ်နှစ် ၉၀၁ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးစတင်ခဲ့သည်။ လူမျိုးအရ၊ ယဉ်ကျေးမှုအရ ထို့ထက်မက ရှည်လျားသောဆက်နွှယ်မှုသမိုင်းကြောင်းရှိသည်။ နှစ်ပေါင်းထောင်ချီဆက်ဆံရေးနှင့် ရှည်လျားသောနယ်နိမိတ်ထိစပ်မှုအရ နှစ်နိုင်ငံအကြား ခိုင်မာသည့်ဆက်ဆံရေးထူထောင်ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေး စသည့်ဆက်ဆံရေးများ ထူထောင်နိုင်ခဲ့သည်။
Jan 27, 2025
အာဆီယံနိုင်ငံအချို့မှ မြို့တော်များ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ကြီးများစာရင်းတွင် ပါဝင်နေသည်ဟု ပြည်ပသတင်းများအရ သိရသည်။ အခြားသတင်းတစ်ပုဒ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၏ ဇန်နဝါရီ ၆ ရက်နေ့ လေထုအရည်အသွေး (AQI) အညွှန်းကိန်းသည် အန္တရာယ်ရှိသည့် အနီရောင်အဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုသည်။
Jan 26, 2025
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာသို့ရောက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။
Jan 26, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Jan 26, 2025
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းသို့ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။
Jan 26, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် သတင်းအရ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ ၆၈ လမ်း၊ ၄ဝ x ၄၁ လမ်းကြားရှိ ဖူရီဟွ(၃၁)နှစ်၊ (ဘ)ဦးဖာချင်း၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး
Jan 26, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနအလိုက် ခွဲဝေချထားပေးသော နိုင်ငံပိုင်တိုက်ခန်းများတွင် အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်မှု ရှိ၊ မရှိ၊ ချမှတ်ထားသောအိမ်ရာများတွင် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်း ရှိ၊ မရှိနှင့် မသက်ဆိုင်သူများ နေထိုင်မှုမရှိစေရေးတို့အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jan 26, 2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မှတ်တမ်းဌာန (ရန်ကုန်) ၌ နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းများ ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခင်မှတ်တမ်းဟောင်းများကို လုပ်ငန်းဦးစားပေးအလိုက် သတ်မှတ်ဆောင်ရွက်ရန်၊ လေလွင့်ပျက်စီးမှုမရှိစေရေးနှင့် လူတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များဖြစ်၍ စနစ်တကျ မှတ်တမ်းတင်ဆောင်ရွက်ကြရန် မှာကြားသည်။
Jan 26, 2025
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာ သင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ဆေးရုံများ၌လည်း စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 26, 2025
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်များအတွက် နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
Jan 26, 2025
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပြပွဲနှင့်ပြိုင်ပွဲကျင်းပမည့် တပေါင်းကွင်းရှိ ယာယီရှင်းလင်းဆောင်၌ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို တွေ့ဆုံသည်။
Jan 26, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း ဓာတ်အားအမြန်ထုတ်လုပ်ပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံနှင့်စက်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jan 26, 2025
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (ဗဟို) ၏ ရွှေရတုသဘင်နှင့် (၁၆) ကြိမ်မြောက် ညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အင်းယားလိပ်ဟိုတယ်ဝင်း Yangon Convention Center (YCC) ၌ ကျင်းပသည်။
