Skip to main content

အာရှအမျိုးသမီးချန်ပီယံလိဂ်ဖလား အုပ်စု (င) ပွဲစဉ် MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် နိုဝင်ဘာ ၇

၂၀၂၅ - ၂၀၂၆ ခုနှစ် အာရှအမျိုးသမီးချန်ပီယံလိဂ်ဖလား အုပ်စု (င) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ရာ နိုဝင်ဘာ ၉ ရက် ည ၇ နာရီတွင် မြန်မာအမျိုးသမီးကလပ် အား/ကာသိပ္ပံ (ISPE) အသင်းနှင့် တောင်ကိုရီးယား ဆူဝန်အမျိုးသမီးကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှစတင်၍ MRTV Farmers’ Channel၊ MRTV Entertainment Channel နှင့် MRTV App, MRTV Radio App တို့အပါအဝင် Online မှလည်း တိုက်ရိုက် (Live) ထုတ်လွှင့်ပြသကြမည်ဖြစ်သည်။

သတင်းစဉ်